ဒေါက် ဒေါက် ဒေါက် !!!!
" ခါး ...."
အပြင်ဘက်ကနေ မှန်တံခါးကိုခေါက်လိုက်တဲ့အသံကြောင့် ခါး ခေါင်းလေးငဲ့စောင်းကြည့်လိုက်တော့ အပြင်ဘက်မှာရပ်နေတဲ့ ရင့် က သူမကိုခေါ်ရင်း ပြုံးပြနေတာမို့ တံခါးကိုဖွင့်ကာဆင်းလိုက်ပြီး ....
" ရင့် ဘာစားပြီးပြီလဲ တစ်ခုခု မသွားခင် မနက်စာ အရင်စားမလားဟင် ..."
" မစားတော့ဘူး မစားတော့ဘူး အပြင်မှာအေးတယ် ခါး ကားပေါ်အရင်တက်လိုက်ပါ ကိုယ်မောင်းမယ် ... ဟိုဘက်ကတက် .... "
" ဟုတ်ကဲ့ ... "
မနက်စောစောမို့ လူရှင်းနေတဲ့ကြားက ဘေးဘီကို အကဲခတ်သလိုတစ်ချက်ကြည့်ပြီး ခပ်
လောလောပြောလိုက်တဲ့ ရင့်ကြောင့် သူမ ခေါင်းလေးညိတ်ကာ တစ်ဖက်ကနေပါတ်ပြီး
ကားထဲ၀င်လိုက်ရသည်။သူက ခါး ကားခါးပတ်သေချာပတ်တာကို စောင့်ကြည့်ပြီးမှ ကားလေးကိုစက်နှိုးကာ စတင် မောင်းထွက်ခဲ့တော့သည်။ အနက်ရောင် တီရှပ်ကို ဂျင်းပြာပြာနဲ့တွဲ၀တ်ထားပြီး အပေါ်ကနေ အဖြူရောင်ဇစ်ဆွဲဟူဒီတစ်ထည့်ကို ထပ်ကာ ကျောပိုးအိတ်အနက်တစ်လုံးသာ ပြန်သယ်လာခဲ့သော သူကိုကြည့်ကာ ကားနောက်ခန်းတစ်ခုအပြည့်နေရာယူထားတဲ့ အ၀တ်အိတ်တစ်ခုရယ် နောက်ဖုံးထဲမှာမိခင်ဖြစ်သူ စိတ်တိုင်းကျထည့်ပေးလိုက်တဲ့ စားစရာတွေကို သယ်လာခဲ့ရတဲ့ ခါး က အားနာသွားခဲ့ရသည်။
" ရင့် ဘာမှလဲသယ်လာတာမတွေ့ပါလား .... ခါး ကိုပဲ တကူးတက ကြိုပို့ လုပ်ပေးနေရသလိုဖြစ်နေပြီ အားနာလိုက်တာ ...."
" မဟုတ်တာ ... ကိုယ်က ခါး နဲ့ ကားကြုံလိုက်စီးတာပဲဟာ အသွားရော အပြန်ရော လေ ... ကိုယ် ကားခ ချွေတာလို့ရတာပေါ့ ...."
သေသေချာချာ ရှင်းပြနေတဲ့သူ့စကားကြောင့် ခါး ခေါင်းလေးတညိတ်ညိတ်နဲ့ နားထောင်ရင်း ပြုံးလိုက်မိသည်။ ကားပြတင်းကနေ
မြင်ကွင်းတွေ တရိပ်ရိပ်ကျန်ရစ်ခဲ့တာကိုငေးကြည့်ရင်းတစ်ခါ တည်ကြည်ခန့်ငြားစွာ ကားမောင်းနေတဲ့ သူ့ကို ငေးရင်းတစ်လှည့်နဲ့ ဘယ်လိုကဘယ်လို အိပ်ပျော်သွားမိမှန်းကို
မသိလိုက်ပေ။

KAMU SEDANG MEMBACA
တိတ်တခိုး ( Ongoing )
Romansaတစ်ဘဝလုံး မေ့ပျောက်မရအောင် တသသဖြစ်နေခဲ့ရတာ သူက အချစ်ဦးမို့လား မဟုတ်ရင် ကျွန်မအချစ်က တိတ်တခိုး မို့လို့လား..... နှင်းခါးဝိုင် တစ်စုံတစ်ယောက်ရဲ့နှလုံးသားထဲမှာ ကျွန်တော်မသိလိုက်တဲ့အချိန်ကတည်းက ကျွန်တော်ရှ်ိနေခဲ့တယ်ဆိုတာ ဘယ်လောက်အံ့သြစရာကောင်းလိုက်သလဲ...