အပိုင်း ( ၇ )

1.4K 67 11
                                    

အောက်ထပ်ကဆေးခန်းလေးမှာ ရပ်ကွက်ထဲက လူအတော်စည်ကားလာတော့ ခါး တစ်ယောက်တည်း ပျင်းပျင်းနဲ့ အိပ်ယာပေါ်လှိမ့်နေမိသည်။

အခုဆို ခါး ခြေထောက်က ဒဏ်ရာကလဲပျောက်လုပြီ သူလဲ အရင်ကလို အလုပ်ပုံမှန်သွားနေရတာနဲ့ ညနေဆေးခန်းထိုင်နေတာနဲ့ အလုပ်များနေတာမို့ ခါးတို့ရဲ့ အခြေအနေက ဟိုးအရင်ကလို ပြန်လည်စိမ်းသက်သွားတော့ မလားတွေးမိရင် ခါး ရင်ထဲမကောင်းချင်တော့ပါ.... ။

ဘုရားရေ.....ခါး ဘာတွေမျှော်လင့်မိနေတာလဲ.....  သူက တစ်ချိန်တုန်းက ခါး ရင်ခုန်စိတ်လှုပ်ရှားခဲ့ဖူးတဲ့ ကောင်လေးတစ်ယောက်ပဲ....။

မရင့်ကျက်သေးတဲ့ ရင်ခုန်တတ်စအရွယ်က အချစ်ဦးကို ခါး အခုထိများ စိတ်ရှိနေမိသေးတာလား.....။ ခါး တော်တော်မိုက်မဲမိနေတာပဲ.... ။

မသိစိတ်က ရင်ခုန်သံကို အသိစိတ်နဲ့ ပြန်ထိန်းသိမ်းကာ အလုပ်ထဲမှာ အာရုံစူးစိုက်ထားနိုင်ဖို့ ခါး အတော်ကြိုးစားလိုက်ရသည်။

မနက်ဖြန် ကိုယ်တိုင်တက်မယ့်ပွဲအတွက် ရေညှိစိမ်းရောင် ခါးလွတ်အင်္ကျီလေးနဲ့ ခပ်ဝဲဝဲ ဘောင်းဘီ စကတ်ရှည်လေးကို ညတွင်း
ချင်းချုပ်လို့ပြီးသွားခဲ့ရသည်မို့  အရုပ်မှာဝတ်ကာ ခန္ဒာကိုယ်အနေအထားတွေကို ပြန်လည်
နေရာချထားပြီးမှ နာရီကိုကြည့်မိတော့ ည ဆယ့်တစ်နာရီ တိတိ.... ။

" အိပ်မှပါပဲ...  မနက်ကျရင် မျက်ကွင်းတွေညိုနေမယ်..... "

ယူနီကွန်း အိမ်စီးဖိနပ်လေးကို ကုတင်ဘေးမှာချွတ်ကာအိပ်ယာပေါ်တက်လှဲပြီးခဏအတွင်း
မှာ နှစ်ခြိုက်စွာအိပ်ပျော်သွားခဲ့တော့သည်။

ညနက်သည်အထိ မီးလင်းနေတဲ့ ခါး အလုပ်ခန်းလေးကို အောက်ထပ်ကနေ လှမ်းကြည့်နေတဲ့ ကြယ်ရောင်တစ်ယောက် သူမအခန်းလေး မီးမှိတ်သွားတာတွေ့မှ ခြံတံခါးသော့ကိုစစ်ဆေးကာ အိမ်ထဲပြန်ဝင်လာခဲ့လိုက်သည်။

ဒီနေ့တစ်နေ့လုံး သူ အလုပ်များနေတာ
ကြောင့် ခါး နဲ့ မတွေ့ရသေးဘူးမဟုတ်ပါလား...။ ညနက်မှ မီးမှိတ်ပုံရတော့ သူမလဲ အလုပ်များနေသည်ထင်သည်။

အတွေးနဲ့အတူ အိပ်ယာထက်မှာ နဖူးပေါ်လက်တင်ပြီးဘယ်ညာလူးလှိမ့်နေမိသည်။ ဘာကြောင့်ရယ်မသိ ကြယ်ရောင် သူမကို တွေ့ချင်မြင်ချင်နေမိသည်။ အကြောင်းပြချက်မရှိပဲ သူမနဲ့အတူ စကားတွေပြောပြီး သူမ အနားမှာနေရတာကို သဘောကျသလိုခံစားမိနေသည်။

တိတ်တခိုး ( Ongoing )Where stories live. Discover now