အပိုင်း ( ၆ )

1.4K 69 10
                                    

" ဘယ်လိုလဲ ကြယ်ရောင်... မင်း အိမ်အသစ်က အဆင်ပြေရဲ့လား ငါတို့ကို ဘယ်တော့အိမ်တက်ဖိတ်မှာလဲ... "

" အင်း ငါ ဒီအပါတ်ထဲ... ဟင် ဒါက..... "

သူ့မျက်လုံးတွေက ဝေယံ့ ဖုန်းမျက်နှာပြင်ပေါ်က မိန်းကလေးပုံဆီရုတ်တရက်အကြည့်ရောက်သွားတော့ ကြယ်ရောင်မင်သက်မိသွားကာ အံ့သြတကြီးကြည့်လိုက်မိသည်။

ခေတ်မီဆန်းသစ်သော ဒီဇိုင်းဖြင့် ဗေဒါရောင် မြန်မာဝတ်စုံလေးကို အချိုးကျလှပစွာဝတ်ဆင်ကာ ပြုံးထားတဲ့ပုံက သူမ မှ သူမအစစ်......

" အားဟား ငါ့ကောင်ကြီး မင်းလဲနောက်ဆုံးတော့ ငါ့အခါးလေးကို ပစ်ကြွေသွားပြီပေါ့ဟုတ်လား.....လှတယ်မလား... ယဥ်ယဥ်လေးလဲလှတယ် စမတ်ကျကျလဲလှတယ် ဒါငါ့ကောင်မလေး...... "

" ဟင်...... မင်း ချစ်သူလား "

" ဟက်..... မင်း ပြောသလိုဖြစ်လာမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့.....သူက ဒီဇိုင်နာလေ.... နာမည်ကြီးပဲကွ... အခုဆို သူ့ဝတ်စုံမဝတ်ဖူးတဲ့ မော်ဒယ်တို့ သရုပ်ဆောင်တို့ကခပ်ရှားရှားပဲ.... သူကိုယ်တိုင်လဲ အလှပုံတွေရိုက်တင်ပေမယ့် သူ့ဝတ်စုံတွေကိုပဲ ကြေငြာတဲ့သဘောပါ.... ငါက သူ့ကို သဘောကျလို့..... "

" သြော်..... "

" အာ ဒါနဲ့ မင်းခုဏပြောတာဘာလဲ အိမ်သစ်တက်ပွဲက ဒီအပါတ်ထဲလား...... "

" မဟုတ်ဘူး..... ငါ ဒီအပါတ်ထဲ အလုပ်ရှုပ်နေလို့ကွာ... ငါ အချိန်ရတာနဲ့ မင်းကို ဖိတ်ပါ့မယ်.... "

" အေးပါကွာ..... "

ခပ်ပေါ့ပေါ့ပဲ ပြုံးကာခေါင်းညိတ်ပြရင်း ဖုန်းပြန်သုံးနေတဲ့ ဝေယံ့ကိုကြည့်ကာ ကြယ်ရောင်
စိတ်မသက်သာစွာ သက်ပြင်းချလိုက်မိသည်။

မိမိအပေါ်အရာရာအစစ စိတ်နှစ်ကာကူညီပေးတတ်သော သူငယ်ချင်းဖြစ်သူကို လိမ်ညာလိုက်ရတဲ့အတွက် စိတ်မကောင်းပေမယ့်လဲ သူမကိုတော့ အနေမခက်စေချင်ပါ....

Online Celebrity ဘဝက ဘယ်နေရာမှာ ဘာလုပ်လုပ် ဘယ်လိုစကားပြောပြော ဘယ်လိုကိစ္စရှိရှိ ဝေဖန်ချက်များစွာကို ရင်ဆိုင်ရသည်မဟုတ်လား......

အိမ်မှာတော့ သူမကို စိတ်အေးသက်သာပြီး လွတ်လပ်ပေါ့ပါးစွာသာ ရှိစေချင်မိသည်က ကြယ်ရောင့်ရဲ့ ဆန္ဒအမှန်ပါ .....

တိတ်တခိုး ( Ongoing )Opowieści tętniące życiem. Odkryj je teraz