အပိုင်း ( ၁၂ )

576 22 0
                                    


သူမလက်က ပျောက်လုနီးပါးဖြစ်နေတဲ့ ဒဏ်ရာတွေကို ဂရုတစိုက်ဆေးထည့်ပေးနေတဲ့ ရင့် ကို ခါး ခပ်ငေးငေးလေးခိုးကြည့်နေမိသည်။

အစတည်းက သူ အရယ်အပြုံးနည်းတာကို ခါး သတိထားမိပေမယ့်အခုလဲ အရင်ကလို
အရယ်အပြုံးသိပ်မရှိတာတောင် သူ့ပုံစံက
သိသိသာသာကြီးကို ချောမောနေတုန်းပဲ။

တစ်ခုခုကိုအာရုံစိုက်တဲ့အခါ သူ့နှုတ်ခမ်းတွေကိုခပ်တင်းတင်းစေ့ထားတတ်ပြီး စကားပြောတဲ့အခါနဲ့ ရှားရှားပါးပါးပြုံးရယ်တဲ့အခါတွေမှာတော့ အောက်နှုတ်ခမ်းထူထူရဲ့အလယ်မှာ ချိုင့်၀င်သွားတဲ့နေရာလေးတစ်ခုရှိတာဟာတော့ ငယ်ငယ်ကအတိုင်းပင်။

" မအိပ်ခင် ဆေးသောက်ဖို့မမေ့နဲ့နော် ... ကိုယ်ဒီနေ့ ညပိုင်းဂျူတီရှိလို့ ဆေးရုံကိုပြန်သွားရမယ်..တစ်ယောက်တည်းအဆင်ပြေရဲ့လား စိုးစိုးကို အဖော်ခေါ်အိပ်မလား  ခါး ..."

" ဟင့်အင်း ... ရပါတယ် ခါး တစ်ယောက်တည်း အိပ်ရဲတယ် ..."

" ဒါဆို တစ်ခုခုကိစ္စရှိရင် ကိုယ့်ကိုဖုန်းဆက်လိုက်နော် ... ဟုတ်ပြီလား ..."

" Ok "

စိတ်မချနိုင်စွာ အဘိုးကြီးအိုလေးလို တဖွဖွ
မှာကြားပြီး စိတ်မဖြောင့်စွာထွက်သွားတဲ့သူ့ကိုကြည့်ပြီး ခါး ပြုံးရင်း အိပ်ယာပေါ်လှဲကာ ပတ်တီးဖြူဖြူတို့နေကာယူထားတဲ့ လက်
ကောက်၀တ်နှစ်ဖက်ကို မြှောက်ကြည့်လိုက်မိသည်။

" ဒဏ်ရာတွေတောင် မရှိသလောက်ဖြစ်နေတာကို ပတ်တီးစည်းသွားပေးသေးတယ် ဆရာ၀န်လို့မပြောရဘူး ..."

နှုတ်ကသာ မကျေမနပ်လေးရေရွတ်လိုက်ပေမယ့် စိတ်ထဲမှာပျော်ရွှင်ကြည်နူးနေမိတာ ခါးကိုယ်တိုင်သာသိနိုင်ပါသည်။

................

သူ ဖုန်းလေးကိုထုတ်ယူကာ သူမနံပါတ်လေးကို နှိပ်လိုက်ဖို့ ချီတုံချတုံဖြစ်နေမိသည်။ ရက်အနည်းငယ်အတွင်း သူမအနားမှာဂရုစိုက်ပေးနေရင်းနဲ့ သူမဆီကဒဏ်ရာတွေကို မြင်ရတိုင်း ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်အထိ နောင်တရ ရသည်။

သူ သာ နည်းနည်းလောက်ပိုဂရုစိုက်ပေးမိရင်
ခါး ဒီလိုထိခိုက်ခံစားခဲ့ရမှာမဟုတ်ဘူး။ ခါး
အတွက် သူဟာ မှီခိုအားထားရာမဖြစ်ခဲ့သလို
သူဟာ ခါးရဲ့လုံခြုံမှုကိုတောင်မကာကွယ်ပေးနိုင်တဲ့သူ ဖြစ်နေခဲ့တာမို့ သူမကို ပို၍တောင်အားနာရကာ မျက်နှာချင်းပင်မဆိုင်ဝံ့ပါ။

တိတ်တခိုး ( Ongoing )Where stories live. Discover now