မိုးသာစင်စင်လင်းသွားပေမယ့် တရေးမှပင်အိပ်မပျော်ခဲ့သောခါးတစ်ယောက် အိပ်ယာ
ကနေ မကြည်မလင်ထကာ ကိုယ်လက်သန့်စင်ပြီး မနက်စာစားတဲ့အချိန်အထိ စိတ်နဲ့လူနဲ့ မကပ် ....." ဟဲ့ သမီး ..... ညက နောက်ကျတဲ့အထိမအိပ်ဘူးလား မျက်ကွင်းတွေလဲညိုလို့ကွယ် ..... ဖုန်းတွေသုံးတာလျှော့ပါဦး ကြာရင် ကျန်းမာရေးထိခိုက်မယ် ...."
ထမင်းကြော်ပူပူကို တဖူးဖူးမှုတ်ကာ အအေးခံရင်း ခါး မေမေ့ကိုခေါင်းညိတ်ပြလိုက်ရပေမယ့် စိတ်ထဲမှာတော့ ......
ဟွန့် !!! ကိုယ့်ထမင်းကိုယ်စားပြီး သူများသားလေးကြောင့် ခံစားနေရတာ မေမေသိရင်တော့လား ငါတော့ကတုံးတုံးပြီးတောင်ပေါ်အပို့ခံရမှာ အသေအချာပဲ .....
သူမအတွေးနဲ့သူမ ပြုံးလိုက် မဲ့လိုက်နဲ့ မနက်စာစားနေတာကို ဖေဖေနဲ့မေမေက အရိပ်အခြေကြည့်ကာ အကဲခတ်နေကြလေရဲ့ ....
....................................
" သား .... ကြယ်ရောင် ...."
" ဗျာ မေမေ ....."
ကြယ်ရောင် ညီဆက်ရဲ့စာကြည့်စားပွဲကို ပြင်ပေးရင်း မောလာတာကြောင့် အိမ်ရှေ့ကကွပ်ပျစ်ပေါ်လှဲကာ ခဏအနားယူနေတုန်း စိန်ပန်းသုပ်ပန်းကန်လေးနဲ့ ရေနွေးကရားကိုဆွဲကာ သူ့ဆီလျှောက်လာတဲ့ မေမေ့ကြောင့် ကဗျာကယာ ထထိုင်လိုက်ရသည်။
ဖရိုဖရဲဖြစ်နေတဲ့ ရှပ်အင်္ကျီလက်တိုလေးကို ပြန်ပြုပြင်လိုက်ရင်း မေမေနဲ့ မျက်နှာချင်း
ဆိုင်ပြီးထိုင်လိုက်တော့ မေမေက ရေနွေး
ကြမ်းတစ်ခွဲ့ငှဲ့ကာ သူ့ဘက်ကမ်းပေးလိုက်ရင်း စိန်ပန်းသုပ် ပန်းကန်လေးကိုပါချပေးလာတော့ သူ ပြုံးကာငုံ့ကြည့်လိုက်ပြီး ..." မေမေ ဘယ်တုန်းကသွား၀ယ်ထားတာလဲ ..."
" သားညီလေ .... သားစားဖို့ဆိုပြီး မနက်အစောကြီးထ၀ယ်ထားတာ သားမနက်စာ
ဘာလို့လာမစားတာလဲ ....."မေမေက သူ့မျက်နှာကို သေချာစူးစမ်းသလိုကြည့်ရင်း မေးလာတော့ သူအကြည့်လွှဲလိုက်ပြီး ....
" သားက ပုံမှန်ဆို မနက်စာစားတာနောက်ကျတတ်လို့ပါမေမေ တစ်ခါတစ်လေဆို မစားဖြစ်ဘူး အဲ့တော့ မနက်စာကိုသိပ်အာရုံမထားဖြစ်တာ မနက်ကဗိုက်မဆာတော့ လာမစားဖြစ်လိုက်တာပါ ဒီမှာလေ စားပွဲလေးပြင်ပေးနေတာ ...."

KAMU SEDANG MEMBACA
တိတ်တခိုး ( Ongoing )
Romansaတစ်ဘဝလုံး မေ့ပျောက်မရအောင် တသသဖြစ်နေခဲ့ရတာ သူက အချစ်ဦးမို့လား မဟုတ်ရင် ကျွန်မအချစ်က တိတ်တခိုး မို့လို့လား..... နှင်းခါးဝိုင် တစ်စုံတစ်ယောက်ရဲ့နှလုံးသားထဲမှာ ကျွန်တော်မသိလိုက်တဲ့အချိန်ကတည်းက ကျွန်တော်ရှ်ိနေခဲ့တယ်ဆိုတာ ဘယ်လောက်အံ့သြစရာကောင်းလိုက်သလဲ...