ခါးခါးရေ နင်လာနေပြီလား ***
ဖြတ်ကနဲလင်းလာတဲ့ ဖုန်း Screen ပေါ်ကစာလေးကိုမြင်တော့ ခါး ပြုံးလိုက်မိသည်။လုပ်လက်စအလုပ်တွေကိုလက်စသတ်ကာ စားပွဲရှည်ကြီးပေါ်က ပိတ်စကြီးကို ဘေးက စင်တန်းလေးမှာ သေချာနေရာချပြီး လည်ပင်းမှာ အလျားလိုက်ချိတ်ထားတဲ့ ပေကြိုးလေးကိုပါ ခုံပေါ်တင်ကာ ဘေးကကိုယ်လုံးပေါ်မှန်လေးမှာ ခန္ဓာကိုယ်ကိုတစ်ချက်လှည့်ကြည့်လိုက်ရသေးသည်။
ပြီးပြည့်စုံနေတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလေးပေါ်မှာ နေရာတကျရှိနေတဲ့ အနက်ရောင်ဂါဝန်လေးကို ပိုပြီးသပ်ရပ်အောင် ဆွဲချပြုပြင်ကာ ကျောလည်လောက်က ဆံပင်လိပ်ကြီးတွေကိုလဲ သေသေသပ်သပ်ဖြစ်အောင် ပြန်ပြုပြင်လိုက်သည်။
ထို့နောက် ရွှေရောင်ကိုင်းကြီးကြီးနဲ့ အနက်ရောင်လက်ကိုင်အိတ်လေးကို ကောက်ကိုင်ကာ အလုပ်ခန်းထဲမှ ထွက်ခဲ့လိုက်တော့သည်။
° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° °
" ဟယ် ခါး ရောက်ပြီလား ဒီကိုလာ ဒီကို
လာ "သူမကိုမြင်သည်နှင့် ဝမ်းသာအားရ ထရပ်ခေါ်နေတဲ့ စိုးစိုးကြောင့် ခါး လက်ညှိုးလေးကို နှုတ်ခမ်းမှာကပ်ကာ မျက်လုံးပြူးပြရင်း ဟန့်တားလိုက်တော့မှ ဇာက်လေးပုကာ အသံတိတ်သွားတော့သည်။
" Sorry Sorry ငါ အပြင်ရောက်နေတာကို မေ့သွားတာဟ "
" ရပါတယ်ဟာ ငါတို့အချင်းချင်းကတော့ ဒါပေမယ့် အပြင်မှာတော့သတိထားမှ မဟုတ်ရင် နေရကျပ်တယ်လေ "
ခါး စားပွဲမှာဝင်ထိုင်ပြီး ခပ်အုပ်အုပ်ပြောလိုက်တော့ စိုးစိုးက ခေါင်းတညိတ်ညိတ်လုပ်ရင်း သူမကိုပြုံးပြုံးကြီးကြည့်ကာ...
" ဟုတ်တာပေါ့ ဟုတ်တာပေါ့ ငါ့သူငယ်ချင်းလေးက နာမည်ကြီးပြီးလူသိများတဲ့ ဒီဇိုင်းနာ
ကြီးဆိုတော့ သွားသတိ လာသတိ စားသတိနေရတာပေါ့ နော့် "" အဲ့လောက်ကြီးလဲမဟုတ်ပါဘူး စိုးစိုးရယ် .."
" အံမယ် ဘာလို့မဟုတ်ရမှာလဲ ခါးရဲ့ Facebook တို့ IG တို့မှာ Follow ထားတဲ့လူတွေ သိန်းနဲ့ချီပြီးရှိတာပဲကို ပြီးတော့ နာမည်ကြီး မင်းသမီးတွေကအစ တက်သစ်စ မော်ဒယ်တွေအထိ ခါး ဝတ်စုံကိုမှဝတ်ချင်ပါတယ်ဆိုပြီး တန်းစီစောင့်နေကြရတာကို ဒါနာမည်ကြီးတယ် အောင်မြင်တယ်လို့မခေါ်ဘူးလား "

VOCÊ ESTÁ LENDO
တိတ်တခိုး ( Ongoing )
Romanceတစ်ဘဝလုံး မေ့ပျောက်မရအောင် တသသဖြစ်နေခဲ့ရတာ သူက အချစ်ဦးမို့လား မဟုတ်ရင် ကျွန်မအချစ်က တိတ်တခိုး မို့လို့လား..... နှင်းခါးဝိုင် တစ်စုံတစ်ယောက်ရဲ့နှလုံးသားထဲမှာ ကျွန်တော်မသိလိုက်တဲ့အချိန်ကတည်းက ကျွန်တော်ရှ်ိနေခဲ့တယ်ဆိုတာ ဘယ်လောက်အံ့သြစရာကောင်းလိုက်သလဲ...