အပိုင်း ( ၂၀ )

1K 39 2
                                    

" ကိုကြီး .... လက်က ဘာဖြစ် ... ကိုကြီး ..."

ညီဆက် ခေါ်နေတာကို ပြန်မဖြေအား အိမ်ထဲကို ကမူးရှူးထိုး၀င်သွားလိုက်ကာ သူ့အခန်းဆီတန်းလျှောက်သွားလိုက်ပြီး အခန်းထဲကို၀င်ကာ တံခါးကိုဆွဲပိတ်ပြီး လောခ့်ပါ
တစ်ပါတည်းချပစ်လိုက်တော့သည်။

ကုတင်ခေါင်းရင်းက ဗီရိုအဖြူလေးဟာ အနည်းငယ်ဟောင်းနွမ်းနေပြီဖြစ်ပေမယ့် ယခင်အတိုင်းပင်မပြောင်းမလဲရှိနေဆဲပါ။ဒါဟာလဲ ပစ္စည်းအထားအသိုစည်းစနည်းကြီးလွန်းလှတဲ့ မိခင်ဖြစ်သူရဲ့ကျေးဇူးကြောင့်သာ ....

မဖွင့်ဖြစ်တာကြာပြီဖြစ်တဲ့ ဗီရိုတံခါးကို ဆွဲဖွင့်လိုက်တော့ ဖုန်မှုန့်တစ်ချို့ပျံ့လွင့်လာပြီး
ခပ်ကျပ်ကျပ်ဗီရိုတံခါးက တကျွီကျွီအသံ
ပေးကာ ခပ်ဟဟပွင့်လာခဲ့တော့သည်။

" အဟွတ် အဟွတ် အဟွတ် ...."

သူ .... စာကြည့်စားပွဲပေါ်က မီးအိမ်အလင်းချောင်းကို ဆွဲယူလာပြီး ဗီရိုလေးထဲက ပစ္စည်းတွေကို တစ်ခုချင်းဆွဲထုတ်ယူလိုက်သည်။ ကျောင်းနေတုန်းက ရေးစာအုပ်အဟောင်းတွေကအစ မသုံးဖြစ်တော့တဲ့ မှင်အိုးတွေကအဆုံး အသေအချာစနစ်တကျသိမ်းဆည်းထားသည်များ ကြမ်းပြင်ပေါ်တစ်ခုချင်းပုံထပ်သွားသည်။

" ဟင် ..."

တွေ့ပါပြီ .... A4 စာရွက်တွေထပ်ထည့်သော ကတ်ထူဘူးညိုညိုကြီးနဲ့အပြည့် စာရွက်ခေါက်တွေ ၊ စာအိတ်နဲ့ ပို့စကတ်တွေ အ
များအပြားအပြင် အနီရောင်ကြွပ်ကြွပ်အိတ်နဲ့ ပတ်ထုပ်ထားတဲ့ ရှည်မျောမျောအေးစက်စက်အရာတစ်ခု။

ကြယ်ရောင် စိတ်မရှည်စွာထုတ်ယူရင်း အပြင်ဘက်က အိတ်အစကိုဖယ်ရှားပစ်လိုက်တော့ အနည်းငယ်ဝါညစ်ညစ်အရောင်ပြောင်းနေပြီဖြစ်တဲ့ ဖန်ပုလင်းလေးထဲမှာ ရောင်စုံစက္ကူကြယ်လေးတွေအပြည့်ရှိနေခဲ့သည်။

သူ အရင်ဆုံး စာအိတ်တွေ ၊ စာရွက်ခေါက်တွေ ကြားက အပြာရောင်ပါသော စာအိတ်လေးတွေအားလုံးကိုဖယ်ပြီးယူလိုက်သည်။
နောက်ပြီး ဖန်ပုလင်းလေးကိုပါယူကာ ဖုန်တွေကိုသုတ်ပစ်လိုက်ပြီး မီးအိမ်အလင်းချောင်းကိုပါပြန်ယူကာ စာကြည့်စားပွဲဆီလျှောက်လာလိုက်တော့သည်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Feb 19 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

တိတ်တခိုး ( Ongoing )Tempat cerita menjadi hidup. Temukan sekarang