အပိုင်း ( ၁၅ )

925 35 0
                                    

" သားရေ ပြီးပြီလား ....."

" လာပြီမေမေ ...."

ကြယ်ရောင် ရှပ်အင်္ကျီအဖြူရဲ့ လက်ကြယ်သီးကိုတပ်ရင်း အခန်းထဲကထွက်လာတော့ အိမ်တံခါး၀ကိုရောက်နှင့်နေပြီဖြစ်တဲ့ မေမေ့ကို တွေ့လိုက်ရသည်။

မေမေ့ခါးပေါ်က ပိတောက်ခြောက်ရောင်အနွယ်အခက်တွေနဲ့ ပါတိတ်၀မ်းဆက်လေးဟာ သူ မနှစ်ကသီတင်းကျွတ်မှာကန်တော့ထားတဲ့တဲ့၀တ်စုံလေးဖြစ်ပြီး မေမေ တစ်ခါမှထုတ်၀တ်တာမတွေ့ဖူးပါ။

သေသေချာချာသိမ်းဆည်းထားတဲ့ ၀တ်ကောင်းစားလှတွေပါထုတ်၀တ်လာတော့ ကြည့်ရတာ အခုသွားမယ့်ဆွမ်းကျွေးအိမ်က မေမေ့အတွက် အရေးကြီးတဲ့မိတ်ဆွေတွေအိမ်ဖြစ်ပုံရသည်။

မီးဖိုချောင်၀င်ရင်းအိမ်မှုကိစ္စလုပ်ရင်း ချက်ပြုတ်ရင်း ခပ်နွမ်းနွမ်းအ၀တ်အစားတွေသာ ၀တ်ဆင်လေ့ရှိသော မေမေ့ကို အခုလိုသစ်လွင်လှပစွာမြင်ရတော့ ဖေဖေ၀မ်းသာနေသည်ထင်ပါ့ ညီဆက်ခွံ့ကျွေးနေတဲ့ မနက်စာ ပဲပြုတ်ထမင်းကိုစားရင်း ခပ်ပြုံးပြုံးကြည့်နေလေရဲ့ ....

" သားငယ်ရေ ကောင်းဆက်ထူး ...."

" ဗျာ မေမေ ..."

" မေမေတို့ပြန်မလာခင် အပြင်မသွားနဲ့နော် မင်းဖေဖေ ...."

" သားသိပါတယ် မေမေရာ ဖေဖေ့အနားမှာပဲနေမယ်နော် စိတ်ချလက်ချသွားကြပါ ....."

လက်နှစ်ဖက်ကိုပိုက်ကာကလေးတစ်ယောက်
လို တရိုတသေပြောလာတဲ့ ကောင်းဆက်ထူး
ကြောင့် သူရောမေမေပါ ပြုံးလိုက်မိကြသည်။

" သားကြီးလာ ... အမေတို့သွားရအောင် ..."

မေမေနဲ့အတူ လမ်းထိပ်ကနေ သုံးဘီးလေးငှားပြီး ဆွမ်းကျွေးအိမ်ဆီထွက်လာခဲ့ရသည်။
အဖေ့ ကျန်းမာရေးရုတ်တရက်ချို့ယွင်းလာပြီးကတည်းက သူတို့အိမ်မှာ ကား ၊ ဆိုင်ကယ် တွေမှ မရှိတော့တာပဲလေ။ ရှိသမျှထုခွဲရောင်းချခဲ့ကြရပြီး သူ့ကျောင်းစားရိတ်
အဖေ့ဆေးဖိုးဝါးခတွေနဲ့   မေမေ့လက်၀တ်လက်စားလေးတွေတောင်လူအမြင်တင့်တယ်
ရုံလောက်သာကျန်ခဲ့တော့တာမဟုတ်လား။

ဆွမ်းကျွေးအိမ်က သိပ်မဝေးလှပေမယ့် သူ
လဲမသိတာမို့ မေမေကပဲ သုံးဘီးသမားကိုလမ်းညွှန်ရင်း လမ်းချိုးတစ်ခုရဲ့ထိပ်ဆုံးက
ခေတ်မီလှပသော အပြာရောင်တိုက်လေး
ရှေ့မှာရပ်သွားခဲ့တော့ သုံးဘီးခရှင်းပေးလိုက်ပြီး မေမေနဲ့အတူ လိုက်၀င်ခဲ့လိုက်ရသည်။

တိတ်တခိုး ( Ongoing )Donde viven las historias. Descúbrelo ahora