အပ်ိုင်း ( ၁၁ )

2.6K 67 9
                                    

ဒေါက် ဒေါက် ဒေါက် !!!

" ခါးရေ......  ခါး.... "

သူတံခါးခေါက်ကာခေါ်သံပြုလိုက်ပေမယ့်အထဲကတုံ့ပြန်မှုမရှိတာကြောင့် ဘောင်းဘီအိတ်ထဲကဖုန်းလေးကိုထုတ်ကာ ခေါ်လိုက်ပေမယ့် စက်ပိတ်ထားတာကြောင့် သူစိတ်ထဲထင့်ကနဲဖြစ်သွားရသည်။

ညနေက သူအလုပ်ဆင်းကာနီးတင်  သူမသူ့ကို ဖုန်းဆက်ပြီး စောစောပြန်လာဖို့မှာခဲ့သေးတာမဟုတ်လား.... ဘာကြောင့် အဆက်အသွယ်မရပဲ ပျောက်နေရတာလဲ....

" ကိစ္စတစ်ခုခုရှိလို့များ အပြင်ထွက်သွားတာလား...... "

ခေါင်းကိုကုတ်ကာ ခပ်တိုးတိုးရေရွတ်ပြီး သူအောက်ထပ်ပြန်ဆင်းလာခဲ့လိုက်တော့သည်။

" ဟူး.. "

မတင်မကျစိတ်နဲ့ပဲ ရေမိုးချိုးအဝတ်လဲပြီး ပြန်ထွက်လာရင်း တံခါးမပိတ်သေးပဲ ဆေးခန်းထဲဝင်ထိုင်နေရင်း လမ်းမဆီကိုငေးကြောင်ကြည့်နေမိသည်။

မိနစ်ပိုင်းခြား တစ်ခါသူခေါ်နေတဲ့ခါးဖုန်းလေးကလဲ တောက်လျောက်ပိတ်ထားတာမို့ အချိန်ပိုကြာလာလေလေ သူ့စိတ်ထဲမှာစိုးရိမ်ပူပန်မှုတွေသာပိုတိုးလာခဲ့ရတော့သည်။

" မဖြစ်သေးပါ ဘူး...."

အိမ်နေရင်းအဝတ်အစားနဲ့ပဲ သူဖုန်းလေးနဲ့ပိုက်ဆံအိတ်လေးဆွဲယူကာ တံခါးပိတ်ပြီးအိမ်ထဲကပြေးထွက်လာခဲ့လိုက်မိတော့သည်။

>>>>>>>>>>>

ဒုန်း ဒုန်း ဒုန်း !!!

" အန်တီမိုးရေ.....  ဗျို့ အန်တီမိုး....  အန်တီမိုးရေ..... "

" ဟဲ့ ဘယ်သူတုန်း..... "

" အန်တီမိုး ကျွန်တော်က ဟိုလမ်းထောင့်တိုက်က အိမ်ငှားပါ ဘေးကဆေးခန်းကပါ......"

" သြော် ဒေါက်တာလူလေးပါလား...... လာလေ လာလာ ဘာများဖြစ်လို့တုန်း အမောတကြီး...."

" ဟို...  ခါးနဲ့အဆက်အသွယ်မရလို့ပါ အန်တီမိုး..... လူလဲရှာမတွေ့ဘူး ဖုန်းလဲဆက်မရဘူး...သူပြန်လာမလားစောင့်နေတာလဲ အခုအချိန်ထိပြန်မလာသေးဘူး အန်တီမိုး...."

" ဟယ် ဟုတ်လား..... ဒါပေမယ့် ကလေးမက သူ့အလုပ်တွေဘာတွေများသွားနေသလားကွယ်....  အမိုးတို့ရပ်ကွက်ထဲတော့ မဟုတ်တာလုပ်မယ့်သူမရှိဘူးရယ်..."

တိတ်တခိုး ( Ongoing )Where stories live. Discover now