အပိုင်း ( ၉ )

1.3K 59 11
                                    


" နွေးနွေးထွေးထွေးဝတ်ထားပါဆိုကွာ......လာဦး... "

သူအလုပ်သွားဖို့ပြင်ဆင်ပြီးမှ ခါးဆီအပြေးအလွှားမနက်စာလာပို့ပေးရင်း မနက်စာစားနေတဲ့ ခါးကိုယ်ပေါ်ကအနွေးထည်ကို ဇစ်တပ်ပေးကာ အပေါ်အထိဆွဲတင်လိုက်တော့ ခေါင်းစွပ်ဟူဒီလေးထဲမှာ မျက်နှာလေးနဲ့ လက်ဖျားလေးသာ ပေါ်နေတော့သည်။

နီရဲနုထွေးနေတဲ့ မျက်နှာနွမ်းနွမ်းလေးကို
ကြည့်ရင်း ကြယ်ရောင် အလုပ်သွားဖို့ပင်စိမ်မဖြောင့်နိုင်တော့တာမို့ သူမကို ခပ်တွေတွေလေး ငေးကြည့်နေမိတော့ သူမက ပြုံးရယ်ပြရင်း......

" ရင့် အလုပ်သွားတော့လေ.....ခါး မနက်စာစားပြီး ဆေးသောက်အိပ်လိုက်ပါမယ်...  "

" သေချာရဲ့လား အဆင်ပြေပါ့မလား ခါး....  ခါး ကောင်းကောင်းအနားယူဖို့လိုတယ်နော် တစ်ပါတ်တည်းမှာ ၂ခါတောင်ပြန်ဖျားနေတာ မကောင်းတော့ဘူး....."

" အာ..  စိတ်ချပါရင့်ရဲ့....  ခါး ကလေးမှ မဟုတ်တာကို.....  လာလာ တံခါးနားလိုက်ပို့မယ်.... အလုပ်သွားတော့နော်.....  တာ့တာ... တာ့တာ.... "

သူ့ကို ဆွဲထူပြီးအိမ်တံခါးနားအထိ တွန်းပို့ကာ
လက်ယပ်ပြီးနှုတ်ဆက်လာတဲ့ သူမကို ကြယ်ရောင် စိတ်မချစွာပြန်လှည့်ကြည့်တော့ သူမက ကြယ်ရောင့်ကို ပြုံးရင်းရပ်ကြည့်နေသည်။

" ဒါဆို ခါးတစ်ခုခုအဆင်မပြေရင် ကိုယ့်ဆီ ချက်ချင်းဖုန်းဆက်ပေးနော်......  အလုပ်လဲမလုပ်ပဲ ဒီနေ့တစ်ရက်တော့ ငြိမ်ငြိမ်လေး အနားယူနေပါ....."

" ဟုတ်ကဲ့ပါ ဒေါက်တာ...... ခစ် ခစ် ခစ်..... "

နဖူးနားမှာ လက်ကလေးကပ်ကာ နာခံစွာဆိုလာတဲ့ သူမကိုကြည့်ကာ ကြယ်ရောင် တစ်ချက်ပြုံးရင်း အလုပ်သွားဖို့ထွက်လာခဲ့လိုက်ရတော့သည်။

***********************************

ဒေါက် ဒေါက်  !!!

" ကြယ်ရောင် လူနာဘယ်နှယောက်ကြည့်ပေးဖို့ကျန်သေးလဲ ငါတို့ထမင်းစားကြတော့မလား.... "

ဝေယံ အခန်းဝကနေခေါင်းပြူကာ မေးခွန်းထုတ်လိုက်ပေမယ့် ဘေစင်မှာလက်ဆေးနေတဲ့ ကြယ်ရောင်က လက်ကိုတစ်ရှူးနဲ့သေချာသုတ်ပြီး အဖြူရောင်ဂျူတီကုတ်ကိုချွတ်ကာ တိုင်မှာချိတ်လိုက်ပြီး သူ့ကျောပိုးအိတ်အနက်ကိုဆွဲယူကာ ခုံပေါ်ကဖုန်းလေးကိုပါ ယူရင်းအလောတကြီးအလုပ်ရှုပ်နေတာမို့ စိတ်မရှည်နိုင်တော့ပဲ....

တိတ်တခိုး ( Ongoing )Donde viven las historias. Descúbrelo ahora