အပိုင်း ( ၁၈ )

979 41 1
                                    

" ကိုယ် ခါးနဲ့ သူငယ်ချင်းတွေပဲ ဆက်ဖြစ်ချင်တာ ... အခုလိုမျိုးပေါ့ .... အရမ်းရင်းနှီးပြီး အရမ်းစိတ်သက်သာရာ ရတဲ့သူငယ်ချင်းမျိုးလေ .... ရနိုင်မလား ခါး ...."

" ရှင် ..."

ခါး အေးစက်သွားတဲ့ လက်ဖျားတွေကိုအချင်းချင်းဆုပ်နယ်လိုက်ရင်း သူမကို အကဲခတ်သလိုလှမ်းကြည့်နေတဲ့ ရင့် ကို
စိုက်ကြည့်လိုက်မိသည်။ သူ့မျက်နှာပေါ်က
နားလည်ရခက်တဲ့ အရိပ်တွေက စိတ်ရှုပ်ထွေးဟန်အပြင် တခြားသူမနားလည်နိုင်တဲ့ အရိပ်အယောင်တွေပါ ရောယှက်နေခဲ့တာမို့
ခါး မျက်နှာကိုမပျက်ယွင်းသွားအောင် ကြိုးစားထိန်းလိုက်ရင်း ......

" ကောင်းပါပြီ ရင့် .... ကျွန်မ ရှင့်ကို ဒီစကားထပ်ပြီးမပြောတော့ဘူး ....... ရင့် အတွက် သူငယ်ချင်းကောင်းဖြစ်နိုင်အောင် ကြိုးစား
ပါ့မယ် ...."

သူမရဲ့စကားသံတွေ အဖျားခတ်တုန်ရင်နေခဲ့သလို အဆုံးသတ်မှာ တိုးတိတ်၀င်သွားခဲ့တာကြောင့် ကြယ်ရောင် စိုးရိမ်ကာ ကြည့်လိုက်ပေမယ့်လဲ သူမအကြည့်တွေက သူ့ဆီထပ်မရောက်လာခဲ့တော့ပါ .......

ပါးပြင်ပေါ် ပေါက်ကနဲကျလာတဲ့ မျက်ရည်စတို့ကို လက်ကလေးနဲ့ သူမသိအောင်ခိုးသုတ်ရင်း ဟန်ဆောင်ပြုံးကာ သူ့အရှေ့ကလှည့်ထွက်သွားတဲ့သူမက ခပ်လှမ်းလှမ်းက ဆိုဖာပေါ်မှာ သူ့ကိုကျောပေးကာသွားထိုင်လိုက်ပြီး TV ကိုဖွင့်ကာ ငေးကြည့်နေတော့သည်။

ကြယ်ရောင်လဲ ထိုနေရာမှာ ကြက်သေသေကာ ရပ်နေမိပြီး ထိုင်ရအခက် ထရအခက်
ပြန်ထွက်သွားရမှာလဲ စိတ်မဖြောင့်နဲ့ ကြံရာ
မရဖြစ်နေမိတုန်း .....

"  ခါး တစ်ယောက်တည်း ခဏလောက်နေချင်တယ် ရင့် ......"

" ဟို ..... ခါး အဆင်ပြေရဲ့လား တစ်ခုခုစားချင်သေးလား ......"

သူမက အသံမထွက်ပဲ ခေါင်းကိုသာ အသာအယာ ခါပြရင်းပြန်လည်ငြိမ်သက်သွားတာမို့ ကြယ်ရောင် တံခါး၀ဆီ တရွေ့ရွေ့သွားရင်း သူမကိုလည်ပြန်လှည့်ကြည့်ကာ အိမ်ထဲကထွက်လာပေးခဲ့လိုက်ရတော့သည်။

" အင့် ...... အဟင့် ....."

သူ အိမ်ထဲကထွက်လာလိုက်တာနဲ့ ကြားလိုက်ရတဲ့ သူမရဲ့ ရှိုက်ကြီးတငင် ငိုသံကြောင့် ကြယ်ရောင် ခြေလှမ်းတွေရပ်တန့်မိသွားရကာ သူမရဲ့ အိမ်အပြင်ဘက်မှာ တံခါးကိုမှီပြီးထိုင်ချလိုက်ရသည်။

တိတ်တခိုး ( Ongoing )Where stories live. Discover now