" ခါးရေ နင်ဒီနေ့အားလား.... "အိမ်ထဲဝင်လာလာချင်း ခါးကိုမေးပြီး ရေခဲသေတ္တာကိုဖွင့်ကာ ရေတစ်ဗူးထုတ်ယူ
သောက်နေတဲ့ စိုးစိုးကိုကြည့်ကာ ခါး ဒယ်ပြားလေးထဲက ကြက်ဥကြော်ကို တစ်ဖက်လှန်လိုက်ရင်း ဘေးမှာတင်ထားတဲ့ပန်းကန်ပြားဝိုင်းဝိုင်းလေးထဲက လှီးထားတဲ့ မုန်လာဥနီတစ်ချောင်းကို ကိုက်စားလိုက်ကာ...." အထွေအထူးတော့ ဘာမှတော့လုပ်စရာမရှိဘူးရယ်... ဒါပေမယ့် အောက်ထပ်ကအခန်းကိုငှားမယ့်သူက ဒီနေ့စာချုပ်လာချုပ်ဖို့ရှိတယ်.... ညနေပိုင်းမှပါ... "
" နင် နောက်ဆုံးတော့ အဲ့အခန်းကိုငှားပြီပေါ့ မိခါးမ.... ငါ အစကတည်းကပြောသားပဲ...ဘာဆိုင်လာဖွင့်မှာတဲ့လဲ... "
" ဆေးဆိုင်ဆိုလား ဆေးခန်းဆိုလားပဲ မသိပါဘူး စိုးစိုးရယ်.... "
" ကောင်းပါတယ် ဘာပဲဖြစ်ဖြစ် နင် ပိတ်ထားရတဲ့အပိုခန်းပဲဟာ ငှားလိုက်တော့ အဖော်လဲရပြီး အပိုငွေလဲဝင်တာပေါ့.... အဲ့ဒါဆို ငါနဲ့ဆေးရုံလိုက်ခဲ့ချင်လား ခါး "
" ဟင်... ဆေးရုံကို ဘာလို့လဲ "
" ဟယ် ငါတို့ ဆရာမလေသိလား ဒေါ်သီရိမာလာ.... ဆေးရုံတက်နေရတယ်တဲ့.. မနေ့က Facebook မှာ post တင်ထားတာတွေ့လိုက်တယ်..... "
" ဘာဖြစ်တာတဲ့လဲ.... "
" ကင်ဆာ လို့ပြောတယ်..... နင် လိုက်မှာလား... "
ခါး ကြက်ဥကြော်လေးကို ဂေါ်ပြားလေးနဲ့ယူကာပန်းကန်ပြားပေါ်တင်လိုက်ပြီး ထိုပန်းကန်
လေးကိုယူကာ ထမင်းစားပွဲဆီလျှောက်လာချလိုက်ရင်း....." အင်း... ငါတို့ ခဏနေ သွားကြမယ်လေ.... ညနေ စောစောပြန်ရောက်လာအောင်.... "
စိုးစိုးက လက်မနဲ့လက်ညှိုးဝိုင်းပြပြီး ထမင်းစားပွဲမှာ ဝင်ထိုင်ကာ ခါးပြင်ထားတဲ့ ထမင်းဝိုင်းကို စူးစမ်းစပ်စုရင်း နှာခေါင်းရှုံ့လိုက်ပြီး....
" တစ်ခါလာလဲ ကြက်ဥကြော်နဲ့ ဂေါ်ဖီဟင်းချိုနဲ့ အသီးအရွက်အစိမ်းတွေနဲ့ ဘာလချောင်ကြော်... ခါး ရယ် နင် ဟင်းလေးဘာလေးချက်ဖို့မသင်တော့ဘူးလား.... "
" မသင်ပါဘူး.... ငါ့မှာ ဘယ်မှာအချိန်ရှိလို့လဲ...ပြီးတော့ ဟင်းကောင်းကောင်းတွေချက်တတ်လို့လဲ ချက်ကျွေးစရာမိသားစုတွေမှ အနားမှာမရှိတာ... ငါကိုယ်တိုင်ကလဲ ဘယ်မှာ စားချင်တိုင်းစားလို့ရလို့လဲ.... မချက်တတ်လဲ ဖြစ်ပါတယ်.... "
YOU ARE READING
တိတ်တခိုး ( Ongoing )
Romanceတစ်ဘဝလုံး မေ့ပျောက်မရအောင် တသသဖြစ်နေခဲ့ရတာ သူက အချစ်ဦးမို့လား မဟုတ်ရင် ကျွန်မအချစ်က တိတ်တခိုး မို့လို့လား..... နှင်းခါးဝိုင် တစ်စုံတစ်ယောက်ရဲ့နှလုံးသားထဲမှာ ကျွန်တော်မသိလိုက်တဲ့အချိန်ကတည်းက ကျွန်တော်ရှ်ိနေခဲ့တယ်ဆိုတာ ဘယ်လောက်အံ့သြစရာကောင်းလိုက်သလဲ...