" အဆင်ပြေရဲ့လား ခါး..... "ရင့် ကမ်းပေးလာတဲ့ ကော်ဖီခွက်လေးကိုလှမ်းယူလိုက်တဲ့ ခါး လက်ကလေးတွေက ထိတ်လန့်မှုကြောင့် အနည်းငယ်တုန်ရီနေခဲ့လေသည်။
" ကျေး.... ကျေး ဇူးပါ ရင့်....... "
" မင်း နောက်တစ်ခါဆို ဒီလူ့ကိုသတိထား
သင့်တယ် ခါး..... ကိုယ် မင်းရဲ့ ကိစ္စကို ဝင်စွက်ဖက်တာတော့မဟုတ်ပါဘူး ဒါပေမယ့် ဒါ ဘယ်လောက် အန္တရာယ် များလဲ..... အကယ်၍ ကိုယ်ပြန်မလာဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ ခါး..... မင်း တစ်ခုခုဖြစ်သွားနိုင်တယ်.... "" ဟင့်...... "
" ခါး..... "
ကြယ်ရောင် သူမကို စိုးရိမ်တကြီးနဲ့ တရစပ်ပြောနေမိပြီးမှ သူမဆီက ရှိုက်သံသဲ့သဲ့
ကြောင့် သတိပြန်ဝင်လာတော့ သူမက ရွှန်းစိုဝိုင်းစက်နေတဲ့ မျက်ဝန်းနက်တွေနဲ့ သူ့ကိုခပ်စူးစူးစိုက်ကြည့်ကာ ငိုကြွေးနေတော့သည်။" ခါး.....ဘာလို့ ငိုတာလဲ Sorry ပါကွာ ခါး အရမ်းလန့်သွားလား.....ကိုယ်က ခါးအတွက် စိတ်ပူလို့ပြောမိတာပါ....မငိုနဲ့တော့နော် ခါး..... ကိုယ်တောင်းပန်ပါတယ်.... နော် "
" အဟင့်.... "
ချိုသာနူးညံ့လွန်းတဲ့ ရင့် စကားတွေကြောင့် ခါးမှာ ငိုချင်ရက်လက်တို့ဆိုသလို မျက်ရည်မိုးတွေ မဆဲနိုင်ခဲ့တော့ချေ။
သူမ ဝမ်းနည်းနာကျင်စွာ ငိုကြွေးနေတာကိုကြည့်ရင်း သူက စိတ်သက်မသာစွာ သက်ပြင်းတစ်ချက်ချလိုက်ကာ သူမကိုယ်လေးကို ပွေ့ပြီး သူ့ရင်ခွင်ထဲဆွဲသွင်းရင်း ပခုံးလေးတွေကို လက်နဲ့ပုတ်ကာ ငြင်သာစွာဖြင့် နှစ်
သိမ့်ပေးနေလိုက်တော့သည်။အတော်ကြာပြီးနောက် ငိုသံတွေတိတ်ဆိတ်သွားကာ အသက်ရှူသံမှန်မှန်ထွက်ပေါ်လာတော့ သူမ ပင်ပန်းစွာအိပ်ပျော်သွားပြီမှန်း သူ သိလိုက်ပေမယ့် သူမကို လွှတ်မပေးပဲ ပိုမိုတင်းကျပ်စွာဖက်ထားလိုက်ပြီး သူ့နှုတ်ခမ်း
နားက ဆံနွယ်တွေကို မထိတထိနမ်းရှိုက်လိုက်ကာ....." ကိုယ် မင်းကို ဘယ်လောက်စိတ်ပူသွားလဲဆိုတာ သိရဲ့လား ခါး..... "

YOU ARE READING
တိတ်တခိုး ( Ongoing )
Romanceတစ်ဘဝလုံး မေ့ပျောက်မရအောင် တသသဖြစ်နေခဲ့ရတာ သူက အချစ်ဦးမို့လား မဟုတ်ရင် ကျွန်မအချစ်က တိတ်တခိုး မို့လို့လား..... နှင်းခါးဝိုင် တစ်စုံတစ်ယောက်ရဲ့နှလုံးသားထဲမှာ ကျွန်တော်မသိလိုက်တဲ့အချိန်ကတည်းက ကျွန်တော်ရှ်ိနေခဲ့တယ်ဆိုတာ ဘယ်လောက်အံ့သြစရာကောင်းလိုက်သလဲ...