🍫 1 🍫

275 14 2
                                    

Zawgyi

တစ်ချက်တစ်ချက် တိုက်ခိုက်လာသော လေအဝှေ့နှင့်အတူပါလာသည့် ယမကာနံ့များက ကျွန်တော့် နှာနုသို့ တိုးဝင်ကျီစယ်နေကြသည်။ ညဝတ်အင်္ကျီအပြာနုလေးနဲ့ ကျွန်တော့်ကို barမှ ထွက်လာသူများက အထူးအဆန်းသဖွယ် ကြည့်သွားကြသည်။

ရမ္မက်အပြည့်နဲ့ ရီဝေဝေမျက်ဝန်းများက ကျွန်တော့်ရဲ့ နုနုနယ်နယ် ရုပ်မျက်နှာပေါ်သို့ ‌စူးစမ်းရင်း ကျောက်ချထားသည်များလည်း ရှိသည်။

သို့သော် ထိုအကြည့်များကို ကျွန်တော် ဂရုမစိုက်နိုင်။ ထိုထက်ပိုအရေးကြီးသော အရာတစ်ခု ကျွန်တော့်မှာ ရှိနေလေသည်။

မျက်နှာကို ခပ်တင်းတင်းမော့ချီပြီး တီလုံးသံ သဲ့သဲ့ ဖွင့်ထားသော barအတွင်းသို့ ခြေချလိုက်သည်။ အေးစက်စက် ကြမ်းပြင်ရဲ့ အထိအတွေ့ကြောင့် အောက်သို့ ငုတ်ကြည့်လိုက်မိသည်။ ကျွန်တော် ဖိနပ်စီးမလာဘူးပဲ။

စင်ဒရဲလားမင်းသမီးလေးသည် (၁၂)နာရီထိုးလျှင် သရုပ်မှန်ပေါ်မှာစိုးလို့ ထွက်ပြေးရင်း ဖိနပ်ကျန်ခဲ့သည်။ ဒါဆို ကျွန်တော်ကရော။ ထွက်ပြေး၍ ကျန်ခဲ့ခြင်း မဟုတ်ပါ။ မင်းသားလေးစီ ရောက်ချင်လွန်းလို့ ဖိနပ်မစီးနိုင်ခဲ့ခြင်းသာ။ ရူးကြောင်ကြောင် အတွေးစုများကို ခေါင်းတစ်ချက်ခါရင်း အလင်းရောင် မထင်မရှားရှိနေသော barထဲသို့ မျက်စိကစားလိုက်သည်။

Gay bar ဖြစ်တာနဲ့အညီ ကောင်လေးများကိုသာ အများဆုံး တွေ့ရတယ်။ ထူးထူးဆန်းဆန်း ဝတ်စားလာတဲ့ ကျွန်တော့်ကို ကြည်နေသူများရှိသလို ‌ဘယ်သူကိုမှ ဂရုမစိုက်ဘဲ နမ်းရှိုက်နေသူများလည်း ရှိသည်။ (၁၈)ပြည့်ပြီးသော ကျွန်တော့်အတွက် ဤအရာများက အထူးအဆန်းမဟုတ်ပါ။

ဤသို့ဆို၍ ကျွန်တော့်ကို gayလားဟု မေးဖွယ်ရှိသည်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း မသိပါ။ သို့သော် ကျွန်တော့်ဘဝရဲ့ အချစ်ဦး၊ အချစ်ဆုံး၊ တစ်နည်း ကျွန်တော့်နှလုံးသား တစ်ခုလုံးကို အပိုင်ရထားသူက ယောက်ျားလေးတစ်ယောက်။ ထို့ပြင် ထိုယောက်ျားပျိုသည် gayဟု come out လုပ်ထားသူ။

"ကိုအတ္တရှင်းလား"

ဖြူဖြူချောချော ကောင်လေးတစ်ယောက်က ကျွန်တော့်ရှေ့ကို လာရပ်ရင်း မေးလာသည်။ ထိုကောင်လေးကို ခေါင်းတစ်ချက်သာ ညိတ်ပြမိသည်။

ငါချစ်တာမင်း [Completed]Where stories live. Discover now