❣️ 13 ❣️

80 9 0
                                    

Zawgyi

🎶I see your monster. I see your pain. Tell me your problems. I'll chase them away...🎶

ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသော ဖုန်းသည် ဆူညံစွာ ထွက်ပေါ်နေ၏။ တစ်ကြိမ်မက။ အကြိမ်ရေများလာသော အခါ ကျွန်တော် စိတ်ရှုပ်စွာ ထုတ်ယူလိုက်သည်။ ကျွန်တော်လက်ထဲရောက်သည်နှင့် ဖုန်းသံမှာ တိတ်ဆိတ်သွား၏။ မည်သူခေါ်သနည်း။ ကျွန်တော် ပြန်မကြည့်အားပါ။ ထပ်မံမလာစေရန် ပါဝါပိတ်ချလိုက်သည်။

အရေးပေါ်ခန်းရှေ့ စိတ်ပူစွာဖြင့် ထိုင်ရခက်၊ ထရခက် ဖြစ်နေရသည်။ ဆေးရုံမှ ခွန်အသည်းအသန်ဖြစ်နေသည်ဟုသော ဆက်သွယ်ချက်ကြောင့် အလျင်အမြန် လာခဲ့ရခြင်း။ ရှင်း ဘယ်သွားမည်ဆိုသည်အား သေချာမမေးမြန်းခဲ့ရပါ။

"သခင်လေး၊ အစ်ကိုလေး ပညာတံခွန်အတွက် နှလုံးအလှူရှင်ပေါ်လာပါပြီ"

အမောတကော ပြေးလာပြီး ကျွန်တော့်ကို ပြောလာသော ဆေးရုံအုပ်ကြီးကြောင့် ကျွန်တော် ဝမ်းသာသွားရသည်။ ခွန်ကို ကယ်နိုင်တော့မည်။

"ရရင် အစားထိုးဖို့လုပ်လေ ခင်ဗျားက ဘာလုပ်နေတာလဲ"

ဆေးရုံအုပ်ကြီးကို လေသံမာမာဖြင့် ကျွန်တော်ပြောလိုက်သောအခါ ဆေးရုံအုပ်ကြီးသည် ဝဝဖိုင်းဖိုင်းကိုယ်ကို သယ်ဆောင်၍ အလျင်အမြန်ပြန်ထွက်သွား၏။ ကျွန်တော့်အား တစ်ခုခုပြောချင်နေပုံရသော်လည်း မပြောသွားပါ။ ကျွန်တော်လည်း မမေးမြန်းနေလိုက်။ ကျွန်တော် ခွဲစိတ်ခန်းထဲသို့ တစ်ဖန်ကြည့်မိသည်။

ခွန်သည် ကျွန်တော့်အတွက် အရေးပါသော လူများထဲမှ တစ်ယောက်။ ထို့ကြောင့် ခွန်ကို မရ, ရအောင် ကယ်မည်ဟု ဆုံးဖြတ်ထားသည်။ ဤလအတွင်း ခွန်အတွက် နှလုံးအလှူရှင်ရှာနေရသောကြောင့် ရှင်းကို သေချာအချိန်မပေးနိုင်ခဲ့။ နောက်နှစ်လဆို ကျွန်တော်တို့ရဲ့ (၅)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်ရောက်တော့မည်။ ထိုနေ့ကြမှ ရှင်းကို သေချာပြောပြလိုက်တော့မည်။

အတွေး‌တို့နှင့်အတူ ကျွန်တော် နှုတ်ခမ်းလွှာများ မြင့်တက်သွားရ၏။

"အာ့..."

ဆူးခနဲ တစ်ချက်နာကျင်သွားသော နှလုံးဘက်ခြမ်းကြောင့် ကျွန်တော် အသံထွက်သည်းညူမိသွားသည်။ အဘယ့်ကြောင့် နှလုံးအောင့်တက်သွားရသနည်း။ ကျွန်တော့်မှာ တစ်ခုခုဖြစ်နေသောကြောင့်လား။ နောက်မှ ဆေးစစ်ကြည့်ရမည်။

ငါချစ်တာမင်း [Completed]Where stories live. Discover now