🍫 4 🍫

97 11 0
                                    

Zawgyi

ယနေ့နဲ့ဆို ကျွန်တော်အိမ်ပေါ်မှ ဆင်းလာခဲ့သည်မှာ တစ်ပတ်ရှိပြီ။ တစ်ပတ်လုံး တာရာအိမ်ကနေ သူနှင့်အတူတူ ကျောင်းသို့သွားသည်။ အတူတူပြန်လာသည်။ ဤသို့သာ ကုန်ဆုံးနေသည်။ မေမေသည် ကျွန်တော့်ကို တရားဝင် သားအဖြစ်စွန့်လွှတ်ကြောင်း ထိုနေ့တည်းက ကြော်ငြာခဲ့သည်။

မေမေရဲ့သားမဟုတ်သောကြောင့် တော်တော်များများ ကျွန်တော့်ကို စွန့်ခွာသွားကြသည်။ ကျွန်တော့်ဘေး၌ ရှိသည်မှာ တာရာနဲ့ ကင်း နှစ်ယောက်သာ။

ကျွန်တော်တက်နေသော ကျောင်းသည် တာရာမိဘများ ပိုင်ဆိုင်သော private university ဖြစ်သည်။ နှစ်စတည်းက ကျောင်းလခသွင်းထားသောကြောင့် ကျွန်တော်ထပ်ပေးရန်မလိုပါ။

ကိုယ်ပိုင်အသုံးစရိတ်အတွက် ကျွန်တော့်ဘာသာ ရှာရန် ကြံထားသည်နှင့်အညီ တာရာအစ်ကို ကုမ္မဏီမှာပဲ အလုပ်သင် လုပ်နေရသည်။ တာရာက တားပင်မဲ့ ကျွန်တော်လက်မခံခဲ့ပါ။ တာရာအစ်ကိုနှင့် ငယ်ငယ်တည်းက သိသည်မလို့ ကျွန်တော့်အတွက် အဆင်ပြေသည်။

စနေ၊ အင်္ဂါနဲ့ ကြာသပတေး သုံးရက်သာ လုပ်ရသည်။ ကျန်သုံးရက်မှာ ကျောင်းတက်လို့ရသည်။ တနင်္ဂနွေတစ်ရက်ကို ကျွန်တော်စာပြန်ကြည့်ရန် သို့မဟုတ် အခြားတစ်ခုခု လုပ်ရန် အချိန်ယူထားသည်။

ဘွဲ့ရရန်အတွက် ကျွန်တော် သိပ်စိတ်မပူ။ ဤကျောင်း၏ဘွဲ့ပေးပုံမှာ ကျောင်းစာမေးပွဲအမှတ်အပြင် ‌projectကောင်းကောင်း တင်ပြနိုင်လျှင် ဘွဲ့ပေးအပ်မည် ဖြစ်သည်။

ထို့ပြင် တာရာအစ်ကိုရဲ့ ထောက်ခံချက်ကြောင့် ကျွန်တော်တစ်ပတ်မှာ သုံးရက်‌သာ ကျောင်းတက်ခြင်းကို ဘာမှမပြောကြပါ။

“ရှင်း၊ တာရာ ဒီနေ့ကျောင်းကို ကျောင်းသားသစ်ရောက်မယ်ကြားတယ်...ဘယ်သူလဲသိလားတာရာ”

ကျွန်တော်တို့နှစ်ယောက် ကျောင်းရောက်သည်နှင့် ကင်းက မေးလာသည်။ တာရာဘက်လှည့်မေးသော ကင်းကို တာရာက ခေါင်းခါပြသည်။

တာရာမသိသည်မှာ မထူးဆန်းပါ။ တာရာသည် သူ့မိဘလုပ်ငန်းများကို သိပ်စိတ်မစားဘူး။ တာရာအစ်ကိုကသာ ခေါင်းခံလုပ်ရသည်။ တာရာအနေနဲ့ ကျောင်းပြီးမှ လုပ်မည်ဟု ရည်ရွယ်ထားသည်။

ငါချစ်တာမင်း [Completed]Where stories live. Discover now