❣️14❣️

77 7 0
                                    

Zawgyi

"တာရာ...တာရာ..."

ကျွန်တော့်အား ‌အလောတကြီးခေါ်သံကြောင့် မျက်ဝန်းများကို ဖွင့်ကြည့်လိုက်သည်။ ‌ဝေဝေဝါးဝါးဖြစ်နေသော ကင်းမျက်နှာကြောင့် မျက်တောင် သုံး၊ လေးချက်ခတ်၍ အမြင်အာရုံကို ရှင်းလိုက်ရ၏။

"ကင်း ဘာဖြစ်တာလဲ"

မျက်ဝန်းစပ်များ နီ၍ ငိုချမည့်ဟန် ဖြစ်နေသော ကင်းပုံစံကြောင့် ကျွန်တော် ထိတ်လန့်သွားရသည်။ ကင်း၏ ယခုပုံစံကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။

"တာရာ..."

ဆို့ဆို့နစ်နစ်ခေါ်လိုက်သော ကင်းအသံ၌ ဝမ်းနည်းမှုများ ခိုအောင်းနေသည်။

"ကင်း ဘာဖြစ်တာလဲ။ ငါမေးနေတယ်လေ...။ မင်းကို ဘယ်သူဘာလုပ်လို့လဲ"

အံ့ကြိတ်ကာ မျက်နှာလွှဲသွားသော ကင်းကို ကျွန်တော် မေးမြန်းရသည်။ ကင်း၌ တစ်ခုခုဖြစ်နေသည်။

"ရှင်း...ရှင်း ဆုံးပြီကွ"

"ဘာ!!!"

ကျွန်တော့်ကို ကြည့်၍ ဖြေလာသော ကင်းကို မယုံနိုင်ဟန် ကြည့်မိသည်။ မဖြစ်နိုင်ပါ။ နေ့လည်က ကျွန်တော့်ရှေ့ရောက်လာသော ရှင်းသည် ကျန်းကျန်းမာမာ။ မတွေ့တာဖြင့် နာရီပိုင်းမျှသာ ရှိအုံးမည်။

"ဟား...ကင်းရာ မနက်စောစောစီးစီးကို လာနောက်နေတယ်။ ရှင်းက အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတာကို။ မင်းပုံစံကြည့်ပြီး ငါတောင် ယုံချင်သွားတယ်"

ကင်း ကျွန်တော်အား စနောက်နေသည်ဟုသာ ထင်မိသည်။

"ငါက ဒီလိုကိစ္စနဲ့ မင်းကို စဖူးလို့လား။ ရှင်းတကယ် သေပြီကွ။ မနေ့က ကားမတော်တဆမှုနဲ့ ဆုံးသွားတာ"

"မင်းကို မနောက်နဲ့လို့ ငါပြောနေတယ်နော် ကင်း"

ကျွန်တော့်ကို ဒေါသတကြီး အော်ပြောနေသော ကင်းရဲ့ အင်္ကျီကော်လံကို ဆွဲကိုင်ရင်း ကျွန်တော်ပြန်အော်လိုက်သည်။ ကင်းသည် ကျွန်တော်လက်များကို ဆွဲခွါချရင်း...။

"မင်းလက်ခံလိုက် တာရာ"

ကင်းအပြောကြောင့် ကျွန်တော့်လက်များ အားလျော့ကျသွားရသည်။ မဟုတ်ဘူး။ ကင်း စနေတာနေမည်။

ငါချစ်တာမင်း [Completed]حيث تعيش القصص. اكتشف الآن