❣️15❣️

83 8 0
                                    

Zawgyi

လွန်လေပြီးသော ကာလများ၌...

ယနေ့ ကျွန်တော် တတိယတန်းတက်နေသည်မှာ တစ်လမျှ ရှိပြီဖြစ်သည်။ ပါးပါးပိုင် private school တွင်ကျွန်တော်တက်ရသည်။ ကျွန်တော်၌ နှောင်ဖွဲ့ကင်းဟု ခေါ်သော သူငယ်ချင်းတစ်ယောက်ရှိ၏။ သူမှလွဲ အခြားသူများမရှိပေ။ ပါးပါးတို့ကလည်း မပေါင်းခိုင်း။ ကင်းနှင့် ကျွန်တော်သည် အတူတူလည်ပင်းဖက် ကြီးလာကြသူများဟု ဆို၍ရသည်။

ကျောင်းတက်ချိန်၌ ဆရာမနှင့်အတူ ဝင်လာသော ကောင်လေးတစ်ယောက်။ မည်သူ့ကိုမှ မကြည့်ဘဲ ငြိမ်သက်နေပုံကြောင့် ကျွန်တော့်ရင်ထဲ တင်းကျပ်နေအောင် ခံစားလိုက်ရသည်။

"ကလေးတို့ ဒီနေ့သူငယ်ချင်းတစ်ယောက်‌ ရောက်တယ်။ အကုန်သူငယ်ချင်းကို ခေါ်ရမယ်နော်...။ သားနာမည် သူငယ်ချင်းတွေကို ပြောပြလိုက်ပါအုံး"

ကျွန်တော့်တို့ဘက် လှည့်ပြောပြီးနောက် သူ့ဘက်လှည့်မေးသည်။ သူသည် ဆရာမကို တစ်လှည့်၊ ကျွန်တော်တို့ကိုတစ်လှည့် ကြည့်၏။ ထို့နောက် သူ့လွယ်အိတ်ကြိုးကို တင်းတင်းဆုတ်ကိုင်ရင်း...။

"အတ္တရှင်း"

တစ်ခွန်းသာ ဖြေလာသော သူကြောင့် ဆရာမလည်း ထပ်မံစကားမစနိုင်။ အတန်းထဲဝေ့ဝဲ၍ နေရာလွတ်ကို ရှာသည်။ ထို့နောက် ဆရာမမျက်စေ့ကျသွားသည်မှာ ကျွန်တော်တို့ နှစ်ယောက်ဘေး။

"တာရာတို့ဘေး သွားထိုင်လိုက်နော်သား။ တာရာ သူငယ်ချင်းကို ခေါ်လိုက်ပါအုံး"

ကျွန်တော် ဝမ်းသာသွားရ၏။ မည်သည်ကြောင့်လဲ မသိပါ။ ထိုအချိန်က ရှင်းကို ကျွန်တော့်ဘေး ပြုံးရွှင်ကာ ခေါ်ခဲ့လိုက်သည်။

ထိုအဖြစ်အပျက်က ကျွန်တော်နှင့်သူ စတင်တွေ့ခဲ့သော အဖြစ်အပျက် ဖြစ်သည်။

တိတ်ဆိတ်လွန်သော ရှင်းကို ကျွန်တော်နှင့်ကင်း အတော်ပြောင်းလဲယူခဲ့ရသည်။

ပထမတစ်လ...

"ရှင်း ငါ့အိမ်ကအရုပ်သစ်ဝယ်ပေးလိုက်တာ မင်းဆော့မလား"

ကင်းအပြောကို သူသည် ခေါင်းခါပြသည်။ ထို့နောက် ဆရာမပေးထားသော လေ့ကျင့်ခန်းများ လုပ်ရင်းနှင့်သာ အချိန်ကုန်ပြန်၏။

ငါချစ်တာမင်း [Completed]Where stories live. Discover now