🍫 8 🍫

79 8 3
                                    

Zawgyi

တာရာသဘောအတိုင်း ကျွန်တော်တို့ပရောဂျက် ကို ပညာတံခွန်တို့ အဖွဲ့နာမည်အောက် တင်ပြခဲ့သည်။ ကျွန်တော်တို့နှစ်ယောက်သည် မတင်ပြနိုင်သောကြောင့် ကျရှုံးစာရင်းထဲ ဝင်ခဲ့၏။

“မင်းတို့ရဲ့ေ-ာက်ပရောဂျက်က ဘယ်ောက်ကမ္ဘာရောက်သွားလို့လဲ”

ကင်း၏ မျက်နှာထက်၌ ခံပြင်းမှုများနှင့်အတူ ကျွန်တော်တို့ နှစ်ယောက်ကို မေးလာသည်။ သုံးယောက်အတူတူ ဘွဲ့ယူမည်ဟုသော သူ့၏ စိတ်ကူးသည် ယခု‌အခါ အငွေ့ပျံပျောက်ကွယ်ရပြီ။

ကင်းအမေးအား တာရာကိုဖြေရန် ကျွန်တော်ကြည့်လိုက်သည်။ ထိုအခါ တာရာသည် အကျဉ်းချုပ်ရှင်းပြ၏။

“ခွန်ကိုပေးလိုက်တယ်။ မနေ့ညက ခွန်တိုက်ခိုက်ခံရပြီ ပရောဂျက်ဖိုင်ထည့်ထားတဲ့ USBပျောက်သွားတယ်။ အဲဒါကြောင့်ငါတို့ပရောဂျက် ခွန့်ကိုပေးလိုက်တာ”

“ဘာ!!! တာရာ မင်းရူးနေပြီလား”

တာရာအင်္ကျီကော်လံကို ဆွဲရင်း မေးနေသော ကင်း။ မျက်နှာအမူအရာနည်းနည်းမှ မပြောင်းသော တာရာကို ကျွန်တော် စိတ်ပူသောကြောင့် ဝင်ဆွဲရသည်။

“ကင်း၊ တာရာကိုလွှတ်လိုက်”

ထိုအခါမှ တာရာအင်္ကျီကော်လံကို တွန်းထုတ် လွှတ်ပေးလိုက်၏။

“ငါကတော့ မင်းတို့ကို သူငယ်ချင်းလို့ သတ်မှတ်ခဲ့တာ မင်းတို့ကတော့ လုပ်ချင်တာ လုပ်ပြီးမှ ငါ့ကိုပြောပြတယ်။ ငါကမင်းတို့အတွက် သူငယ်ချင်းမဟုတ်ဘူးလား။ မင်းတို့အတွက်အရေးမပါဘူးလား”

ကျွန်တော်နဲ့ တာရာကို တစ်လှည့်စီ ကြည့်ရင်း ဒေါသထွက်စွာဖြင့် မချိတင်ကဲ အော်ဟစ်မေးနေသော ကင်းကို ပြန်ဖြေရန် နှုတ်ဟလိုက်သည်။ သို့သော် အဆုံး၌ ကျွန်တော့်နှုတ်ခမ်းလွှာမှ စကားသံထွက်မလာခဲ့ပါ။

“ဖြေလေကွာ...ဖြေကြ!!! တာရာ မင်းကရော သူ့အတွက်နဲ့ မင်းကိုယ်တိုင်နဲ့ ရှင်းကိုပါ ဆွဲချနေတာလား”

“ကျောင်းတစ်နှစ်ထပ်တက်ရတာ ဘာမှအပန်းမကြီးပါဘူးကွာ”

တာရာရဲ့ ကင်းကို ပြောသံကို ကျွန်တော် မကြားဟန်ဆောင်လိုက်သည်။ တာရာအတွက် ပြောဖို့လွယ်သည်။ ကျွန်တော့်အတွက်တော့ မလွယ်ပါ။ သို့သော် တာရာပြန်ပေးဆပ်ထားသော အရာကြောင့် ကျွန်တော် လျစ်လျူရှူထားလိုက်သည်။

ငါချစ်တာမင်း [Completed]Donde viven las historias. Descúbrelo ahora