🍫 2 🍫

134 10 0
                                    

Zawgyi

မနက်စောစော တာရာမနိုးခင် ကျွန်တော် အိမ်ပြန်လာခဲ့သည်။

ထို့နောက် ကျောင်းသွားဖို့ အဝတ်အစားလဲပြီး အောက်ထပ် ဆင်းလာခဲ့သည်။ ကျောင်းသွားဖို့ထက် တာရာမြို့ပတ်တာကို လိုက်ပေးရမည် ဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးသာ ဝတ်လာလိုက်သည်။

"သား လာထိုင်အုံး"

လှေကားပေါ်မှ ဆင်းသည်နှင့် မေမေက ဧည့်ခန်းကနေ လှမ်းပြောသည်။ ကျွန်တော်ရဲ့ခြေလှမ်းများကို ရပ်တန့်ပြီး မေမေ ထိုင်နေသောစီသို့ ဦးတည်လိုက်သည်။

ကျွန်တော် မေမေရှေ့မှာ ထိုင်ပြီး ဖုန်းကို စားပွဲပေါ် တင်လိုက်သည်။ မေမေက တစ်ခုချင်းစီကို သေချာကြည့်ပြီးနောက် မေးလာသည်။

"သား ညကဘယ်သွားတာလဲ"

"တာရာစီသွားတာ မေမေ"

မေမေကို လိမ်ဖို့ စိတ်ကူးမရှိသောကြောင့် အမှန်အတိုင်းသာ ဖြေလိုက်သည်။

"ညဘက်ကြီးသွားရလောက်အောင် ဘယ်လောက်များ အရေးကြီးနေလို့လဲ သား"

ဆိုဖာပေါ်တွင် သက်သာစွာ ထိုင်ရင်း မေးလာသော မေမေလေသံသည် အေးစက်စွာ။ တာရာ come outလုပ်ပြီးသည့်နောက် မေမေက ကျွန်တော့်ကို သူနဲ့ မပေါင်းခိုင်း။

သို့သော် တာရာထံသို့ ဦးညွှတ်နေသော နှလုံးသားတစ်စုံ ပိုင်ဆိုင်ထားသည့် လူတစ်ယောက်အနေနဲ့ ကျွန်တော် မေမေစကား နားမထောင်ခဲ့ပါ။

အမေတစ်ခု သားတစ်ခုဘဝ၌ မေမေက လိုလေသေးမရှိ ကျွန်တော့်ကို ပြည့်စုံစွာထားသည်။ ကျွန်တော့်အနေနှင့် အခြားကိစ္စရပ်များတွင် သားကောင်းတစ်ယောက် ဖြစ်ပေမဲ့ တာရာနှင့်ပတ်သတ်လျှင်တော့ သားကောင်းတစ်ယောက် မဖြစ်နိုင်ခဲ့ဘူး။

"မေမေ တာရာက သားသူငယ်ချင်းလေ"

"ဟုတ်ရဲ့လား သား။ မေမေတော့ သားလိမ်နေတယ်လို့ သိနေတယ်"

မေမေစကားကြောင့် ကျွန်တော် အထိတ်တလန့် ကြည့်မိသည်။ ကျွန်တော့်ကို ပြန်ကြည့်နေသော မေမေမျက်ဝန်းများက စူးရဲစွာ။ လုပ်ငန်းပေါင်းများစွာကို ယောက်ျားတွေနဲ့ ရင်ဘောင်တန်းလုပ်ကိုင်နေသော မေမေသည် ထက်မြတ်သည်။ စကားအရာ၌ ကြွယ်၏။ လူကဲခတ်တော်သည်။

ငါချစ်တာမင်း [Completed]Donde viven las historias. Descúbrelo ahora