🍫 3 🍫

106 9 0
                                    

Zawgyi

ကျွန်တော့်ရဲ့ ကိုယ်ပိုင်ကားကို မေမေစီမှာ ထားခဲ့ရသောကြောင့် တက္ကစီစီးပြီးသာ တာရာစီသို့ လာခဲ့ရသည်။

“ညီလေး၊ အစ်ကို့ကားခ”

ကားပေါ်မှ အလောတကြီး ဆင်းလိုက်သော ကျွန်တော့်ကို တက္ကစီမောင်းသူက တားပြီး ပြောလာသည်။

“ဘယ်လောက်လဲ”

မေးပြီမှ နောင်တရသည်။ ကျွန်တော့်၌ ပိုက်ဆံ တစ်ပြားမှ ပါမလာဘူး။

“၁၇၀၀၀ညီလေး”

မေမေစီမှ ပထမဆုံး ထွက်လာချိန် ငွေရေး၊ ကြေးရေး ပြဿနာတက်ရမည်ဟု ကျွန်တော်မထင်ထားခဲ့ပါ။

ယခင်လိုအချိန်ဖြစ်လျှင် ၁၇၀၀၀လောက်ကို စကားထဲ ထည့်ပြောမည် မဟုတ်ဘူး။ သို့သော် ယခု ငါးပြားတောင် မပါသော အခြေအနေ၌ ဘာလုပ်ရမှန်း မသိတော့ဘူး။

“ကျွန်တော့်ကို ခဏစောင့်ပေး။ ပြီးရင် နောက်တစ်နေရာသွားမှာ”

ကျွန်တော့်စကားကို တက္ကစီမောင်းသူသည် မယုံဟန်။ အထက်အောက် သေချာကြည့်လာ၏။ သို့သော် သူ့အတွက် အချိန်မပေးနိုင်။ မတွေ့တာ နာရီပိုင်းအတွင်း ကျွန်တော့်ကို ရင်ပူအောင် လုပ်ထားသော တာရာစီသို့သာ အရင်လာလိုက်သည်။ တက္ကစီမောင်းသူသည် ကျွန်တော့်နောက် လိုက်လာ၏။ သူလည်း ဘယ်ယုံပါမလဲ။

စခန်းထဲရောက်သည်နှင့် အေးအေးလူးလူး ထိုင်နေသော တာရာကို တွေ့လိုက်ရသည်။ မည်သည့်ဒဏ်ရာအနာတရ မရှိမှ စိတ်အေးရသည်။

“တာရာ ဘာဖြစ်တာလဲ”

ကျွန်တော့်အသံကြားတော့ တာရာက စောင်းငဲ့ကြည့်သည်။ ထိုအခါ နီညိုရောင်ဆံပင်များက ဝဲကာ တာရာမျက်နှာပေါ်သို့ ကျဆင်းသွား၏။

“ရှင်းလာပြီလား။ မြန်မြန်လက်မှတ်ထိုးပေးစမ်းပါကွာ”

အရှေ့မှာ ထိုင်နေသော စခန်းမှူးကို ခပ်ရွဲ့ရွဲ့အကြည့်တစ်ချက်ပေးကာ ပြောလာသည်။ တာရာမိဘအရှိန်အဝါသည် ဤနိုင်ငံအတွင်း ကြီးမားစွာရှိသည်။ နိုင်ငံရေးမှစ စီးပွားရေးအဆုံး တာရာမိဘများနှင့် ပတ်သတ်မှုရှိစမြဲသာ။

ငါချစ်တာမင်း [Completed]Donde viven las historias. Descúbrelo ahora