🍫 12 🍫

108 8 4
                                    

Zawgyi

ဤအတိုင်း ရပ်နေလျှင် ထူးလာမည်မဟုတ်သောကြောင့် ကျွန်တော် တာရာနောက်မှ လိုက်လာလိုက်သည်။ သူသွားသည်မှာ ကျွန်တော်ထင်သလို ပညာတံခွန်ရှိသော ဆေးရုံသို့ဖြစ်သည်။

အရေးပေါ်ခန်းရှေ့တွင် ထိုင်ရမလို၊ ထရမလိုဖြစ်နေသော တာရာကိုကြည့်ရင်း ကျွန်တော်အသည်းတွေ ‌ကွဲကြေသွားသလို ခံစားနေရသည်။

မနာလိုပါ။ တာရာထံမှ စိုးရိမ်မှုမှန်သမျှကို ရရှိထားသော ပညာတံခွန်အား။ မြူမှိုင်းသလို ဝေးဝါးလာသော အမြင်အာရုံကြောင့် ကျွန်တော်မျက်ဝန်းများကို ပွတ်သက်လိုက်သည်။ ထို့နောက် တာရာကို တစ်ချက်ထပ်မံကြည့်ကာ ကျွန်တော် ထွက်လာခဲ့လိုက်သည်။

ပညာတံခွန်‌သက်သာလာလျှင် တာရာကျွန်တော့်စီပြန်ရောက်လာနိုင်သည်။ ထို့ကြောင့် နယ်စပ်ဘက်သို့ အမြန်ထွက်လာလိုက်သည်။

ထိုနေရာ(နယ်စပ်)၌ ချိန်းဆိုပြီးဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်ဆင်းသွားခြင်းသည် စိတ်ချရအောင်နှင့် အစစ်အဆေးများမှ လွယ်ကူစွာ လွတ်မြောက်စေရန် ဖြစ်သည်။ သူတို့ကိုလာခိုင်းလျှင် အမြန်ဆုံးတစ်လလောက်ကြာနိုင်သေးသည်။ ထို့ကြောင့် ကျွန်တော်ကိုယ်တိုင် သွားခြင်းဖြစ်သည်။ တစ်ပတ်လောက်နေလျှင် ပြန်လာနိုင်သောကြောင့် တာရာကျွန်တော်စီပြန်လာရန် တစ်ပတ်သာကြာမည်။

အတွေးများနှင့်အတူ ပျောက်ကွယ်နေပြီဖြစ်သော ကျွန်တော့်အပြုံးတို့ ပေါ်ပေါက်လာခဲ့ရသည်။ ရန်ကုန်မှအထွက် အဝေးပြေးကားလမ်းပေါ်ရောက်သည်နှင့် ကျွန်တော် အရှိန်မြှင့်ကာ မောင်းလိုက်သည်။ ပြိုင်ကားအနီလေးသည် အဝေးပြေးလမ်းတစ်လျှောက် အမြန်နှုန်းဖြင့် မောင်းနှင်နေ၏။

🎶 Why Oh why tell me why not me? Why oh why we were meant to be...🎶

ကျွန်တော့်ဖုန်းလာနေသောကြောင့် ဘလူးတူး(Bluetooth) နှင့်ချိတ်ကာ ကိုင်လိုက်သည်။

{ဆရာ ဒီနေ့ရုံးမလာဘူးလား}

မနက်တည်းက ဆေးရုံနှင့် တာရာစီသွားရန် စိတ်အားထက်သန်နေခြင်းကြောင့် ကျွန်တော့်အတွင်းရေးမှုး‌မလေးကို ရုံးမလာကြောင်း မပြောရသေး။ ထို့ကြောင့် လှမ်းမေးနေခြင်းဖြစ်မည်။

ငါချစ်တာမင်း [Completed]Donde viven las historias. Descúbrelo ahora