🍫 9 🍫

71 8 3
                                    

Zawgyi

ကျွန်တော်တို့သုံးယောက်၏ ကုမ္မဏီဖြစ်သော Triangle ကို ကျွန်တော်က ဦးစီးရသည်။ ကင်းသည် သူ့မားမားရဲ့ မြေအောက်ဂိုဏ်ကို ဦးစီး၏။ တာရာက သူ့မိဘလုပ်ငန်းအချို့ကို ဦးစီ၍ လုပ်ဆောင်သည်။

Triangle ကို ကျွန်တော်တို့သုံးယောက်ပေါင်းဖွင့်ခဲ့သော်လည်း ကုမ္မဏီ၌ အများဆုံး ရှိသည်မှာ ကျွန်တော်။ ကင်းနဲ့ တာရာသည် တစ်ခါတစ်ရံမှ ရောက်လာတတ်၏။ ထို့ကြောင့် ကျွန်တော်ပဲ ဦးစီးလိုက်ရသည်။

"ရှင်း ပင်ပန်းနေပြီလား"

စာရင်းများ စစ်နေစဉ် ကင်းသည် တံခါးဖွင့်ဝင်လာရင်း မေးသည်။ ငယ်ရုပ်မပျောက်သော ကင်းသည် ယခင်လို ခန့်ညားနေဆဲသာ။ ဂိုဏ်ခေါင်းဆောင်တစ်ယောက်၏ အရှိန်အဝါ ထွက်လာသည်မှလွဲ ကျွန်တော်တို့ရှေ့ဆို လွတ်လပ်သည့် လူရွယ်လေးတစ်ယောက်လို။ သို့သော် ရင့်ကျက်မှုများကို တစ်စွန်းတစ်စတွေ့နိုင်သည်။

"မင်းက ဘယ်ကနေရောက်လာတာလဲ။ ဟိုနေ့ကပြောတော့ ထိုင်းရောက်နေတယ်ဆို"

"ထိုင်းနဲ့ မြန်မာ ဘယ်လောက်များဝေးလို့လဲ။ ငါပြန်ချင်ရင် ပြန်လို့ရနေတာကို"

ကျွန်တော့်အမေးကို အခန်းထဲမှာရှိသော ဆိုဖာပေါ် ဝင်ထိုင်ရင်း သူက ဖြေလာသည်။

"မင်းဘာသောက်မလဲ"

ကျွန်တော့်မေးလိုက်ရာ သူက လက်ခါပြသည်။ သူအငြင်းကြောင့် ကျွန်တော် အလုပ်ခုံပေါ်မှထပြီး သူ့ရှေ့မှာ ဝင်ထိုင်လိုက်သည်။

"ဒါနဲ့ တာရာရော"

ထူးထူးဆန်းဆန်း တာရာကို မေးနေသော ကင်းကို ကျွန်တော် မယုံသင်္ကာကြည့်လိုက်သည်။

"သူ့ကုမ္မဏီမှာရှိမှာပေါ့...နေပါအုံး မင်းက တာရာကို ဘာလို့မေးတာလဲ"

ကျွန်တော်အမေးကြားချိန် သူသည် သက်ပြင်းချ၏။ ထိုနောက် ကျွန်တော့်ကို ပြောသင့်မပြောသင့် တွေးတောဟန် မဝံ့မရဲ ကြည့်သည်။

"ပြောစရာရှိတာ ပြောစမ်းပါ"

ကင်းကိုကြည့်ပြီး စိတ်မရှည်သောကြောင့် ကျွန်တော်ပြောလိုက်သည်။ အရင်သိမှာနဲ့ နောက်ကျမှသိတာ ဘာများကွာမှာမလို့လဲ။ ‌ထို့ပြင် တာရာနှင့် ပတ်သတ်နေသောကြောင့် ကျွန်တော်သိချင်မိသည်။

ငါချစ်တာမင်း [Completed]Donde viven las historias. Descúbrelo ahora