❣️17❣️

103 7 0
                                    

Zawgyi

ကံကြမ္မာသည် တစ်ခါတစ်ရံ ကျည်ဆယ်တတ်၏။ ကျွန်တော့်အစ်ကိုစီ၌ အလုပ်လုပ်နေသော ရှင်းအကြောင်းကို အမှတ်မထင် ကျွန်တော်ကြားခဲ့ရသည်။ ရှင်း စင်ကာပူရုံးခွဲသို့ ဘွဲ့ရပြီးနောက် ထွက်သွားတော့မည်။

ထိုသတင်းကြားချိန် ကျွန်တော်အရူးမီးဝိုင်းဖြစ်ခဲ့ရ၏။ ရှင်းကို မလွှတ်နိုင်ပါ။ ရှင်းသည် ကျွန်တော့်ဘေး၌သာ နေရမည်။ ထို့ကြောင့် ကျွန်တော် အကြံအစည်များ ထုတ်ခဲ့သည်။

လူကြံလျှင်ဘာမဆိုဖြစ်နိုင်သော သဘောအရ ကျွန်တော့်အကြံအစဉ်များ ဖြစ်မြောက်ခဲ့သည်။ ခွန်အပေါ်၌ ကျွန်တော်ရက်စက်ခဲ့မိသည်။

ထိုနေ့၌ ကျွန်တော့်ဘေးအိပ်ပျော်နေသော ရှင်းကို ကြည့်ရင်း ကျွန်တော့်အစီအစဉ်များ စတင်ရင် ဆုံးဖြတ်လိုက်သည်။

"လုပ်ငန်းစလိုက်တော့"

ကျွန်တော့် တပည့်များကို လှမ်းဆက်၍ ပြောလိုက်သည်။ ထို့နောက် ကျွန်တော် ရှင်းကိုယ်လေးကို ဖက်၍ အိပ်စက်လိုက်သည်။ မအိပ်ခင် ရှင်းမသိအောင် နဖူးထက် အနမ်းခြွေခဲ့မိသည်။

အတ္တရှင်းဟုသော လူသားသည် မင်းညှို့တာရာအနီး၌ ညှို့ယူဖမ်းစားခံရသူတစ်ယောက်လို ထာဝစဉ်ရှိနေရမည်။ အတွေးများသည် နှုတ်ခမ်းထက်ရောက်လာသော အခါ အပြုံးပန်းပွင့်လန်းခဲ့၏။

မိုးမလင်းခင် ထွက်ပေါ်လာသော ဖုန်းသံကြောင့် ကျွန်တော့်အစီအစဉ်အဆင်ပြေကြောင်း ခန့်မှန်းမိခဲ့သည်။

"တာရာ...ခွန်ဆေးရုံရောက်နေလို့ လာခဲ့ပေးနိုင်မလား"

အက်တတ်တတ်ခွန်အသံကြောင့် ကျွန်တော် စိတ်မကောင်းပါ။ သို့သော် ခွန်ကို အသုံးချမှ အဆင်ပြေမည်။

'တောင်းပန်ပါတယ် ခွန်'

ခွန်ကို လာခဲ့မည်ဖြစ်ကြောင်း ပြောပြီး ရှင်းကို နှိုးရသည်။ မနက်စောစော ရှင်းအား အိပ်ရေးပျက်စေမိသော်လည်း သူမပါလို့ မဖြစ်ပါ။

အိပ်မှုံစုန်မွှားဖြင့် နိုးလာသော ရှင်းသည် ကျွန်တော်နှင့် ကင်းကို စိတ်ပူနေ၏။ ရှင်းစိတ်ပူမှုကို ရထားသော ကင်းကို သိပ်မကျေနပ်သော်လည်း လျစ်လျူရှူလိုက်သည်။ ရှင်းက ကျွန်တော့်ကို အရင်ပူသည်လေ။

ငါချစ်တာမင်း [Completed]Where stories live. Discover now