❣️16❣️

92 8 0
                                    

Zawgyi

ကျွန်တော်ချစ်သော ရှင်းအား ချစ်ကြောင်း မပြောရသော်လည်း သူ့ထံမှ ကျွန်တော့်အား ချစ်ကြောင်းကို ကြားချင်မိသည်။ ကျွန်တော်က အတ္တကြီးလွန်သည်။

“ရှင်း၊ တာရာ ဒီနေ့ကျောင်းကို ကျောင်းသားသစ်ရောက်မယ်ကြားတယ်...ဘယ်သူလဲသိလားတာရာ”

ကင်းရဲ့အမေးကို ကျွန်တော် ခေါင်းခါပြလိုက်သည်။ ကျောင်းသားသစ်အကြောင်းကို ကျွန်တော် စိတ်မဝင်စားပါ။ ရှင်းရဲ့မွေးနေ့ကို မည်သည့်နေရာ၌ ကျင်းပပေးရမည်ကို ကျွန်တော်တွေးနေမိသည်။

“သူများတွေပြောနေကြတာ တော်တော်ချစ်စရာကောင်းတယ်တဲ့...cute uke typeလို့ပြောသံကြားတယ်”

စိတ်အား ထက်သန်စွာပြောနေသော ကင်းအား စိတ်မဝင်စားသောကြောင့် ဆေးလိပ်တစ်လိပ်မီးညှိပြီးသာ သောက်နေလိုက်သည်။

“ရှင်း မင်းဒီတစ်ခါ သူ့ကို ဘယ်သူရမယ်ထင်လဲ”

ကင်းနဲ့ ကျွန်တော် အမြဲကောင်လေးတွေကို အပြိုင် လိုက်တတ်သောကြောင့် ကင်းသည် ရှင်းကို မေးနေခြင်း။ ကျွန်တော်လည်း ရှင်းအဖြေကို စိတ်ဝင်စားစွာ နားထောင်နေလိုက်သည်။ သို့သော် ရှင်းသည် မည်သည့်အ‌ဖြေမှ ပြန်မပြောပါ။

“ရှင်း ဘာတွေတွေးနေတာလဲ”

“ဘာမှမဟုတ်ဘူး။ မင်းတို့ကမမြင်ဖူးဘဲ လိုက်ကြမလို့လား”

ကျွန်တော့်တို့အား တစ်ခါမှ မှတ်ချက်မပေးဘူးသော ရှင်းသည် ဤတစ်ခေါက်တွင် မှတ်ချက်ပြုလာ၏။ ကျွန်တော် မျက်ခုံးပင့်မိသွားသည်။

“မြင်ဖူးသွားအောင် အတန်းထဲ သွားကြမယ်”

ကင်းကြောင့် ကျွန်တော်တို့ အတန်းထဲ ထွက်လာခဲ့သည်။ လမ်း၌ ရှင်းအား လာဖွင့်ပြောသော ကောင်မလေးကို ကျွန်တော် ဒေါသထွက်စွာ ကြည့်မိသည်။ ကျွန်တော်ကိုယ်တိုင် ဖွင့်ပြောမရသော အခြေအနေ၌ အခြားသူများသည် ရှင်းအား ဖွင့်ပြောနိုင်၏။ ဤအခြေအနေကို ကျွန်တော်မုန်းသည်။ မုန်းသော်လည်း ကျွန်တော်တတ်နိုင်တာ မရှိပါ။

ထို့နောက် ခွန်ကို တွေ့ခဲ့သည်။ ခွန်သည် ရှင်း၏ ရင်ထဲမှ စကားများကို ပေါ်ထွက်လာအောင် ပြုလုပ်နိုင်မည်ဟု ကျွန်တော် ယုံကြည့်သည်။ ထို့ကြောင့် ကျွန်တော် ခွန်ကိုလိုက်ခဲ့၏။

ငါချစ်တာမင်း [Completed]Where stories live. Discover now