❣️18❣️(Final)

257 9 5
                                    

Zawgyi

စူးရှစွာဖြင့် ကျွန်တော့် နှာခေါင်းထဲသို့ တိုးဝင်လာသော အနံ့ပြင်းများကြောင့် ကျွန်တော့်မျက်‌စေ့အား ဖွင့်ကြည့်လိုက်သည်။

အဖြူရောင်မျက်နှာကျက်အား ဦးစွာမြင်လိုက်ရသည်။ ကျွန်တော် မည်သည့်နေရာသို့ ရောက်နေသနည်း။ နောက်ဆုံးမှတ်မိသည်မှာ ကင်း၏ စနောက်မှုကိုသာ။

"တာရာ သတိရပြီလား"

ဘေးဘက်မှ ထွက်ပေါ်လာသော ကင်းအသံကြောင့် စောင်းငဲ့ကြည့်လိုက်သည်။ အနက်ရောင်ဝတ်စုံဝတ်ထားသော ကင်း။ ဘယ်သွားမလို့လဲ။

"အချိန်မှီလေးပဲ...။‌မင်းမေ့နေတာ ၇ရက်ရှိပြီ။ ဒီနေ့မှ မင်းနိုးမလာရင် ရှင်းကို မင်းမြင်လိုက်ရမှာမဟုတ်ဘူး"

"ဘာတွေပြောနေတာလဲ ကင်း"

ကင်းကို မေးလိုက်သော ကျွန်တော်အသံသည် အက်ကွဲနေ၏။ ရက်အတော်ကြာ သတိမေ့နေသူတစ်ဦးမှန်း သိသာစေသည်။

"တာရာ အမှန်တရားကို လက်ခံလိုက်ပါကွာ"

ဘာအမှန်တရားလဲ။ ရှင်းက ဘယ်သွားရမှာလဲ။ လဲပေါင်းများစွာဖြင့် ကျွန်တော် ထထိုင်လိုက်သည်။

"ငါတို့တွေ ရှင်းကိုနှုတ်ဆက်ကြရအောင်"

ကင်းကို ကျွန်တော်ထိုးမိတော့မည်။ မည်သည့်အတွက် ရှင်းကို နှုတ်ဆက်ရမှာလဲ။ ရှင်းသည် ခရီးထွက်သွားတာ။ ကျွန်တော်မေ့နေတာ (၇)ရက်ရှိပြီ ဖြစ်သောကြောင့် ရှင်း အိမ်ပြန်ရောက်နေလောက်ပြီ။ ကျွန်တော် အိမ်ပြန်ရမည်။

အခြားမည်သည့်အရာမှ တွေးမရသော ကျွန်တော့်ဦးနှောက်သည် အိမ်ပြန်ဖို့ရန်သာ တွေးတောမိသည်။

ထို့ကြောင့် လက်၌ချိတ်ဆက်နေသော ပိုက်များကို ဆွဲပြုတ်လိုက်သည်။ အရှိန်ဖြင့် ဆွဲဖယ်လိုက်သောကြောင့် စူးခနဲ တစ်ချက်နာကျင်သွားရ၏။ သို့သော် ကျွန်တော်ဂရုမစိုက်ပါ။ ရှင်းနှင့်တွေ့လျှင် ရှင်းက ကျွန်တော့်ဒဏ်ရာကို ဆေးထည့်ပေးလိမ့်မည်။

"တာရာ ဘယ်သွားမလို့လဲ"

"ရှင်းစီ"

ကင်းကို ပြန်ဖြေပြီး ကျွန်တော် ထွက်ပြေးလာခဲ့သည်။ ကင်းလိုက်လာ၊ မလိုက်လာဆိုသည်အား ကျွန်တော် သတိမထားမိပါ။

ငါချစ်တာမင်း [Completed]Onde histórias criam vida. Descubra agora