🍫 5 🍫

92 9 0
                                    

Zawgyi

တာရာ၏လူစုံထားဟုသော အပြောကြောင့် ကျွန်တော်နဲ့ကင်း ကျောင်းက ကျွန်တော်တို့ ကိုယ်ပိုင်အခန်းမှာ စောင့်နေကြသည်။

"ရှင်း မင်းငါတို့ကုမ္မဏီကိုပဲ ဦးစီးလိုက်ပါလား...။ တာရာအစ်ကိုစီမှာ လုပ်နေတာ ပိုတောင်ပိန်သွားသလိုပဲ"

ကင်းသည် ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ရင်း ပြောလာသည်။ သူပြောသည်မှာ မမှားပါ။ နဂိုပိန်သေးသော ကိုယ်သည် အိပ်ချိန်မမှန်သောကြောင့်ပို၍ ပိန်သွားလေပြီ။ ကျောင်းစာတစ်ဖက်အပြင် တာရာအစ်ကိုပေးသော ပရောဂျက်တစ်ခုကို အောင်မြင်အောင် လုပ်နေရသောကြောင့် ဤရက်အတွင်း အစားအသောက် မမှန်။ ကျောင်းပျက်ရသည်မှာ ဆယ်ရက်ကျော်မျှ ရှိနေပြီ ဖြစ်သည်။

"ငါတို့ကုမ္မဏီကို ဦးစီရင် ကျောင်းဘက်ကပျက်ရက်တွေအတွက် ငါ့ကိုပြောလာမှာပေါ့...။ နောက်ပြီး ငါတို့မှာ ကုမ္မဏီကိုကာကွယ်ဖို့ အင်အားမရှိသေးဘူးလေ။ ငါထွက်ပြလိုက်ရင် တိုက်ခိုက်လာမှာက အများကြီးပဲ။ ထွက်မပြပြန်ရင်လည်း ငါက တာရာစီမှာ အချောင်ခိုစားနေတယ် ပြောကြလိမ့်မယ်"

ယခုတာရာအိမ်၌ နေ‌သည်ကို ပြောနေကြသူများ ရှိသည်။ မည်သည့်အလုပ်မှလုပ်နေကြောင်း မမြင်လျှင် ကျွန်တော်ရော တာရာပါ ပိုအပြောခံရလိမ့်မည်။ တာရာအစ်ကိုစီမှာ လုပ်လျှင် တစ်ခုခုဆို လက်ညှိုးထိုးပြလို့ ရပေအုံးမည်။

"မင်းကတော့ မာနကြီးလိုက်တာ"

ကင်းသည် ကျွန်တော့်ကို မနိုင်ဘူးဟု အဓိပ္ပါယ်ရသော အကြည့်ဖြင့် ကြည့်၍ ခေါင်းခါသည်။

"ကင်း အခုရက်ပိုင်း တာရာ အချစ်ရေးအခြေအနေဘယ်လိုရှိလဲ"

တာရာနဲ့ မတွေ့တာကြာသောကြောင့် ကင်းကိုသာ မေးရသည်။ တစ်အိမ်တည်းနေပင်မယ့် သေချာမတွေ့ဖြစ်ကြပါ။ ကျွန်တော် ပြန်ရောက်ချိန် တာရာ အိပ်နေသည်များ ရှိသလို၊ ပြန်မလာသည်များလည်း ရှိသည်။

ကျွန်တော့်အမေးကို ‌ကင်းသည် ပြတင်းပေါက်ဘက် အကြည့်လွှဲရင်း...။

"ရှင်း...ဘာလို့ တာရာကိုဖွင့်မပြောတာလဲ"

အမေးကို အမေးဖြင့် တုန့်ပြန်လာသော ကင်း။ ကင်းသိနေသည်မှာ အံ့ဩစရာမရှိပါ။ ကျွန်တော်သူ့ကို တစ်ခါတစ်ရံ တာရာအကြောင်း ပြောပြဖူးသည်။

ငါချစ်တာမင်း [Completed]Where stories live. Discover now