🍫 7 🍫

88 7 1
                                    

Zawgyi

(၂)လခန့် ကြာပြီးနောက်...။

ကျွန်တော်နဲ့ တာရာ ကျောင်းပရောဂျက်အတွက် အတူတူကြိုစားခဲ့ကြသည်။ မနက်ဖြန်ဆိုလျှင် နောက်ဆုံး တင်ပြရက်ရောက်ပြီဖြစ်သည်။ နှစ်ယောက်ပေါင်း ပြုလုပ်ထားသည့်ပရောဂျက် ဖြစ်သောကြောင့် အကောင်းဆုံး ဖြစ်နေမည်မှာ မလွဲသေချာ။

“ရှင်း ဖိုင်တွေကို မင်းပဲ သိမ်းထားလိုက်”

တာရာသည် အကြောတစ်ချက် ဆန့်ရင်း ကျွန်တော့်ကို ပြောလာသည်။ တာရာကို ခေါင်းညိတ်ပြကာ လက်ပ်တော့ပ်ထဲရှိ ဖိုင်များကို USBထဲသို့ ထည့်ပြီး သိမ်းလိုက်သည်။

“OMG! ၁နာရီထိုးနေပြီ”

လက်ပတ်နာရီကို တစ်ချက်ကြည့်ပြီး တာရာက အလန့်တကြားပြောလာသည်။ ထိုအခါမှ ကျွန်တော်လည်း အချိန်ကို ကြည့်မိသည်။ (၁)နာရီထိုးဖို့ မိနစ်ပိုင်းမျှသာလို‌၏။ ထမင်းစားပြီးတည်းက အချောသတ်နေကြခြင်း။ တော်တော်ကြာသွားပြီပဲ။

“ရှင်း အိပ်ကြရအောင်”

ကျွန်တော့်ကိုပြောပြီး တာရာသည် အိပ်ရာပေါ်သို့ ပြေးတက်သွားသည်။

*ဘုမ်း*

တာရာကိုယ်အား အိပ်ရာပေါ်ပစ်လှဲလိုက်သော အသံသည် တိတ်ဆိတ်သော ညချမ်းမှာ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ ‌ကျွန်တော် ခေါင်းခါပြီး အခန်းပြန်ဖို့ ထရပ်လိုက်သည်။

“ရှင်း မပြန်နဲ့တော့ ငါနဲ့ပဲတူတူအိပ်”

တာရာက သူ့ဘေးနေရာလွတ်ကို ပုတ်ပြရင်း ကျွန်တော့်ကို ခေါ်သည်။ ‌ကျွန်တော်တွေဝေမိ၏။

“လာပါကွာ...အိပ်ချင်နေပါတယ်ဆို မူမနေနဲ့”

အိပ်ရာပေါ်မှ ထပြီး ကျွန်တော့်ကို ပွေ့သယ်လိုက်သော တာရာ။ လန့်သွားသော အရှိန်ကြောင့် ကျွန်တော့်လက်နှစ်ဖက်သည် တာရာလည်ပင်းအား ဖက်လျက်။ လက်ပ်တော့ပ်ကို တာရာအခန်းထဲ ထားခဲ့မိ၍ တော်သေးသည်။ မဟုတ်လျှင် ယခုချိန် ကျကွဲသွားလောက်၏။

“တာရာ...”

ကျွန်တော်ခေါ်လိုက်ရာ သူက ကျွန်တော့်ကို ပြန်ကြည့်လာသည်။ မီးရောင်ထိန်နေသော အခန်းထဲ၌ တာရာ၏ ကြယ်တာရာမျက်ဝန်းများသည် ပိုစိုပြေကာ လင်းလဲ့နေသည်။

ငါချစ်တာမင်း [Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ