Zawgyi
အရင်ကvideoအတိုလေးတစ်ပုဒ်ကြည့်ဖူးတယ်..မောင်...
မင်းသမီးလေးက အထုပ်ပိုက်လို့ မင်းသားနောက်ကိုလိုက်သွားတဲ့ videoလေးပေါ့...
အရမ်းကို ပျော်နေကြဟန်တူပါတယ်...နှစ်ယောက်လုံးကလေ....
commentတွေ ရေးထားကြတဲ့ သူတွေကလဲ သူတို့နည်းတူပျော်နေကြတယ် ထင်ပါရဲ့...ရေးထားလိုက်ကြတာများ ရွှန်းရွှန်းကို ဝေလို့....
ဒါပေမဲ့...ငါကတော့အမြင်ကပ်မိတယ်မောင်..
အဲ့ကြောင့်commentရေးပေးလ်ုက်တယ်...
အရမ်းပျော်မနေကြနဲ့....အမြင်ကပ်ဖို့ကောင်းတယ်လို့...
အခုတော့ငါဝဋ်လည်ပြီ ထင်ပါရဲ့....
ငါကိုယ်တိုင်အထုပ်ပိုက်ပြီး မောင့်နောက်လိုက်ရတော့မယ်....
ငါမလိုက်ချင်ဘူး...မောင်...နှိမ်တာမဟုတ်ပေမဲ့..တမင်ပြောရခြင်းလဲ မဟုတ်ရပါဘူး...
မောင့်ကိုလဲ....
တောသားဆိုပြီး အထင်မသေးဝံ့ဘူးမောင်..အစစအရာရာ နွမ်းပါးလွန်းတဲ့ အရပ်ဒေသမို့...ငါမလိုက်ချင်ရုံပါ...
တကယ်ဆို....
ငါဟာ အရမ်းမာနကြီးပြီးမောက်မာတဲ့ မြို့သားတစ်ယောက်ပါ...မောင်..
ဒါကို..ဘာဖြစ်လို့ မောင့်မျက်နှာတစ်ရွာထင်ပြီး အထုပ်ပိုက်လိုက်ခဲ့ရလဲဆိုရင်...မောင့်အပေါ်ထားတဲ့..ငါ့ရဲ့အချစ်တွေပေါ့....
မောင်ကတောသားပီပီ အရမ်းဖော်ရွေတယ်..ကူညီတတ်တယ်..လူတစ်ဖက်သားကိုလဲ နစ်နစ်နာနာတွေမပြောတတ်ဘူး..
ငါနဲ့များ ကွာပါ့.....မောင်က ငါနဲ့တန်တောင်မတန်ဘူး.....
ငါကတော့ သူဌေးသားလူ့ဘော်ကြော့ပီပီ လူတိုင်းကို အထက်စီးကပဲ ဆက်ဆံတတ်တယ်...မောင့်အပေါ်လဲ အဲ့လိုနည်းတူဆက်ဆံခဲ့တာပါပဲ...နောက်မှသာ...
အင်းးး...
မောင့်လိုသဘောကောင်းပြီး ဖော်ရွေတတ်တဲ့ တောသားလေးနဲ့ ငါ့လိုမောက်မာရိုင်းစိုင်းလွန်းတဲ့ မြို့ကြီးသားတို့..တွေ့ဆုံပုံကို ပြောရရင်တော့....
![](https://img.wattpad.com/cover/313869204-288-k226170.jpg)
YOU ARE READING
လင်တော်မောင်ရွှေညာသား|ongoing|
Fantasy''လိုက်တော်မူသင့်တယ်~~ချစ်တဲ့သက်လည်မောင်ကြီးမျက်ခြယ်~~သဘောကျအောင်ထားပါ့မယ်..မောင်ကြီး ပျိူနှမရယ်..'' [အမောင်] EDIT:ဇာတ်လမ်းပါအကြောင်းအရာများနှင့် informationsများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်...။ #cv photo crd