''Zawgyi''
.
.
.
.
.
နောက်တစ်နေ့တွင် ခွန်းအိပ်ယာမှ ထပြီးဆအာက်သို့မနက်စာဆင်းစားသည့်အချိန်တွင် အမောင်အလုပ်မသွားသေးပေ...။''ကိုလူပျိုလာလေ..ထိုင် ဒီနေ့တော့ မုန့်ဟင်းခါး..လမ်းထိပ်ကဝယ်လာတာ ကျူပ်မလုပ်တတ်လို့''
ခွန်းထိုင်သည့်ဘက်အား မုန့်ဟင်းခါးပန်းကန်တိုးပေးကာ ပြောသည်။
''မနေ့ညက ငါဘယ်လိုပြန်ရောက်လာတာလဲ''
''ကျူပ်ပြန်ခေါ်လာတာလေဗျာ...''
''ဘယ်ကလဲ..ဟိုတယ်ကနေလား''
''သေချာပေါက်ကိုဟိုတယ်ကပေါ့ဗျ..မူးနေလိုက်တာ လွန်ပါရောဗျာ..ကျူပ်တောင်ကိုလူပျို့ကိုမမှီဘူး''
''မတူရင် မတုနဲ့လေ..တောသားရဲ့''
ဘောက်ဆတ်ဆတ်သာဖြေပြီး ရှေ့မှပန်းကန်ထဲရှိ မုန့်ဟင်းခါးကိုသာ ခပ်သောက်သည်။
''ကိုလူပျိုဒီနေ့အားလား''
''မအားဘူး!..''
''မအားလဲ အားရမယ်..ဒီနေ့ကျူပ်တို့လက်ထပ်တာ တစ်လပြည့်လေ..အဲ့တော့ဘုရားသွားရမှာပေါ့..သိတယ်မလား အန်နီဗာစရီလေ..အဟိ''
(AN/Anniversary😁)
အမောင့်စကားအား ခွန်းပြန်မဖြေပေ..။မုန့်သာဆက်စားနေသည်..။ အမောင်မှ ဆက်ပြောလာသည်။
''အင်းး..တစ်လပြည့်ဆိုရင် ဘာရတုလဲ ရွှေရတု၊ငွေရတု၊ပတ္တမြားရတုလား..ဒါမှမဟုတ်ကြွေရတု၊ စက္ကူရတု...အား..မသိတော့ဘူးဗျာ..တစ်လပြည့်ရတုပဲ''
''ချီးပဲ!..မင်းတစ်ယောက်ပဲ ရတုနေလိုက်..ငါကတော့မလိုက်နိုင်ဘူး''
''ဟာ!..မရဘူး လိုက်ရမှာပဲ''
''မလိုက်နိုင်ဘူး..ငါမအားဘူး''
''ဘယ်သွားဦးမလို့လဲ''
''ktv..''
''ktv??..''
အမောင့်စိတ်ထဲ ကေတီဗီဆိုသည်အား မနည်းပုံဖော်ယူကာ မှတ်မိရန်ကြိုးစားရသည်။ ပြီးမှ ကေတီဗီဆိုသည်အား သတိရသိရှိသွားဟန်...။
''မသွားပါနဲ့ ကိုလူပျိုရယ်..အဲ့နေရာက အသံအိုးပျောက်နေ တဲ့သူတွေစုနေကြတဲ့နေရာပါ..ကိုလူပျိုသွားရင်ကျူပ်ပါ လိုက်ရတော့မှာမို့...ကျူပ်နားမခံသာလို့ပါ''
ESTÁS LEYENDO
လင်တော်မောင်ရွှေညာသား|ongoing|
Fantasía''လိုက်တော်မူသင့်တယ်~~ချစ်တဲ့သက်လည်မောင်ကြီးမျက်ခြယ်~~သဘောကျအောင်ထားပါ့မယ်..မောင်ကြီး ပျိူနှမရယ်..'' [အမောင်] EDIT:ဇာတ်လမ်းပါအကြောင်းအရာများနှင့် informationsများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်...။ #cv photo crd