''Zawgyi''
.
.
.
.
.
''ငါကခုထိလုံးဝအပင်ပန်းခံဖူးတာမဟုတ်ဘူး..အဲ့တော့ လုံးဝမလုပ်နိုင်ဘူး''''အဟင်းး''
ဆုံးဖြတ်ချက်ခိုင်မာစွာ ချထားသောခွန်းအား အမောင်မှ လှောင်ပြုံးကလေးပြုံးရင်းဖြင့်.....
''မလုပ်နိုင်ဘူးဆိုတာသေချာပြီလား...အချစ်ရဲ့ဒက်ဒီကလဲ မောင့်ဘက်မှာနော် ကဒ်အားလုံးကလဲ မောင့်ထဲမှာပဲ..ကဲ..ဘာလိုသေးလဲ''
''မင်း!!..''
ခွန်းပြောစရာစကားပင်မရှိပေ..။အမောင်မှာ ခွန်းအား ချည်ပြီးတုပ်ပြီးဖြစ်လေသည်...။
''မောင်ကမောင့်အတွက်လုပ်တာမဟုတ်ပဲ အချစ်ကောင်းဖို့အတွက်လုပ်တာပါ..မောင့်ကိုယုံနော်''
''တမောင်မောင်နဲ့ မင်းကဘာဖြစ်နေတာလဲ!!''
''ကျီစယ်နေတာလေ အချစ်ရဲ့..သြော်..ခုကစပြီးအခေါ်အဝေါ်တွေလဲ ပြောင်းရတော့မယ်နော်''
''-ီးတောင်မပြောင်းဘူး!..''
''အဲ...အဲ့ဆဲတတ်တဲ့အကျင့်ကိုလဲ ဖျောက်ဦး..မောင်မကြိုက်ဘူး''
''ငါကလဲ မင်းမကြိုက်တာကိုမှ လုပ်ချင်တာ''
''ဟုတ်ပြီလေ. အချစ်မကြိုက်တာ မောင်လုပ်တဲ့အခါမှ မောင့်ကိုစိတ်မဆိုးရဘူးနော်''
''မင်းပြောလေ. ကဲလေ!!..''
''အဲ..အချစ် စိတ်လျှော့လေ!...''
စားပွဲပေါ်တွင်အလှထိုးထားသည့် ပန်းအိုးအား ကောက်ကိုင်ကာ အမောင့်ခေါင်းအား ခွန်းရိုက်တော့မည့်အချိန်တွင်.....
*ကျွီ!!.*
''အကိုကြီး..မှာထားတဲ့စာရင်းတွေ လာပြ...''
မန်နေဂျာမှ တံခါးဆွဲဖွင့်ကာ ဝင်လာသည်မို့ အမောင့်အား ရိုက်တော့မည့် ခွန်းလက်မှာ လေထဲတွင်သာ ရပ်တန့်သွားသည်။ အမောင့်ပုံစံမှာလဲ အချိန်ကိုက်ဝင်လာသော မန်နေဂျာဖြစ်သူအား တိတ်တဆိတ်လေးကျေးဇူးတင်နေဟန်..။ ရုံးခန်းထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည့် ခွန်းနှင့်အမောင့်ပုံစံအား ကြည့်ကာ မန်နေဂျာသည်လဲ အပေါက်ဝတွင် ကြောင်အစွာ ရပ်တန့်နေလျှက်....။
YOU ARE READING
လင်တော်မောင်ရွှေညာသား|ongoing|
Fantasy''လိုက်တော်မူသင့်တယ်~~ချစ်တဲ့သက်လည်မောင်ကြီးမျက်ခြယ်~~သဘောကျအောင်ထားပါ့မယ်..မောင်ကြီး ပျိူနှမရယ်..'' [အမောင်] EDIT:ဇာတ်လမ်းပါအကြောင်းအရာများနှင့် informationsများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်...။ #cv photo crd