part.9

584 48 0
                                    

''Zawgyi''
.
.
.
.

.
.
ထိုနေ့ညက အမောင်တစ်ယောက်ဆရာတော်၏ ကြိမ်လုံးနှင့် မိတ်ဆက်လိုက်ရကြောင်း ကပ္ပိယကြီးပြော၍ ခွန်းသိလိုက်ရသည်။ သို့သော်ခွန်းထို့အတွက် စိတ်မကောင်းမဖြစ်မိ။ နည်းပင်နည်းသေးသည်ဟု ထင်မိသည်။

မည်သို့ပင်ဆိုစေ မနက်ဖန်တွင် မြို့သို့ပြန်တော့မည်ကြောင့် ယနေ့ညအိပ်ရေးဝဝအိပ်ရန် လိုအပ်သဖြင့် ခွန်းစောစောအိပ်ရာဝင်ကာ ဤရွာ၏နောက်ဆုံးညအား ဖြတ်သန်းလိုက်သည်။ မနက်ခင်းချိန်တွင် ခွန်းဒက်ဒီမှ ရွာတွင် စပါးအထွက်တိုးရေးအတွက် စပါးလယ်ဧကတိုးချဲ့ရန် ကိုင်းတောများအား လိုက်လံကြည့်ရှုလိုသည့်အတွက် သူကြီးနှင့်အတူ ခွန်းပါလိုက်သွားသည်။

ရွာလေးမှာ အကောင်းဘက်မှ ကြည့်လျှင် တော်တော်သာယာသည့် ရွာကလေးဖြစ်သည်။ လျှပ်စစ်မီးပင်မရရှိသေးသော အလွန်ရှေးဆန်လှသည့် ရွာလေးပင်။ ကျေးငှက်သာရကာပေါင်းစုံလဲ ကိုင်းတောတစ်လျှောက်တွေ့မြင်နိုင်သေးသည်။

ခွန်းကဲ့သို့အဆိုးမြင်ဝါဒီသမားကြောင့်သာ ရွာကလေးမှာ အလွန်ရုပ်ဆိုးအကျည်းတန်နေရခြင်းဖြစ်သည်။ ချောင်းရေဖွေးဖွေးသည်တော့ ခွန်းစိတ်အစုံအား အေးချမ်းစေရန်လုံလောက်စေသည်။

*အ့!!..*

ရွာလေး၏ အလှအပအား ရှုစားရင်း ခွန်းဒက်ဒီထံမှ ခပ်စူးစူးအသံကြောင့် ခွန်းအလျင်စလိုလှည့်ကြည့်လိုက်မိသည်။

''ဟာ!..ဦးဘုန်းမြတ်ပိုးထိသွားတာဗျို့!!..လုပ်ကြပါဦး!!..''

''ရှင်!..''

''ဒက်ဒီ!..''

ခွန်းနှင့် မာမီတို့လဲ ခွန်းဒက်ဒီအနားသို့ အမြန်သွားလိုက်ရာ ဒဏ်ရာအား ကြည့်လိုက်သည်။ အမှန်တကယ်ကို မြွေကိုက်သွားခြင်းပင်။ အပေါက်ကလေးနှစ်ပေါက်နှင့်...။

''ဒက်ဒီ!..ခနလေး ဒီမှာဆေးခန်းရှိလား..​အမြန်ဒက်ဒီကို ပို့ဖို့လုပ်ပါဦး''

''ရှိတော့ရှိတယ်..မြို့သား..ဒါပေမဲ့''

''ဘာဖြစ်လဲ ပြောလေ..သူကြီး!!..''

''ဟို.. ရွာမှာက ကျေးလက်ဆေးပေးခန်းလောက်ပဲရှိတာ..ဆေးရုံဆိုရင်တော့ နည်းနည်းဝေးတယ်''

လင်တော်မောင်ရွှေညာသား|ongoing|Unde poveștirile trăiesc. Descoperă acum