''Zawgyi''
.
.
.
.
.
ခွန်းတွင် ထိုပေါင်းပင်မြက်ပင်များအား နှုတ်ရန် လုံလောက်သည့် စွမ်းအင်မရှိ။ ထို့ကြောင့် ရေပိုက်အား ဖွင့်ထားရင်း အနီးရှိသရက်ပင်အောက်တွင် ဝင်ထိုင်ရင်း တစ်ခါမှမလုပ်ဖူးရသည့် တောင်ယာအလုပ်အား လုပ်လိုက်ရသည်မို့ ခြေကုန်လက်ပန်းကျသွားသည့်နှယ် ခနအနားယူရင်း အိပ်ပျော်သွားတော့သည်။ညနေဘက် အမောင်ပြန်ရောက်သောအခါ သစ်ပင်အောက်တွင် အိပ်နေသော ခွန်းအား အတော်နှိုးယူလိုက်ရသည်။ အလွန်ပင်ပန်းနေရှာသော ခွန်းပါပေ။ ညနေစာအား စားသောက်ကြပြီး အိပ်ယာဝင်တော့မည့် အချိန်တွင် ပြသနာစတက်သည်။
''အချစ်..ဒီညကစလို့ မောင့်အခန်းကို အချစ်လာအိပ်မလား..အချစ်အခန်းကို မောင်လာအိပ်ရမလား..တစ်ခုရွေး''
''-ီးကိုတစ်ခုရွေး..ငါကဘာရွေးရဦးမှာလဲ''
''သြော်..မောင်ကအချစ်ရဲ့ ဆန္ဒကိုဦးစားပေးမလို့ပါ..ရွေးကြည့်လေ''
''ဘယ်ဟာရွေးရွေးအတူတူပဲကို..မင်းနစ်နာနေဦးမယ်..သိလား''
''ဟဲဟဲ..အဲ့ဒါတော့သိသားပဲ''
စပ်ဖြီးဖြီးနှင့် အမောင့်မျက်နှာအား ခွန်းမျက်စောင်းထိုးသည်။
''ဒါနဲ့..အချစ်ညတိုင်းဘုရားရှိခိုးဖြစ်ရဲ့လား.မေတ္တာသုတ်ရော ရွတ်ဖြစ်လား..''
''ရွတ်..ရွတ်ဖြစ်ပါတယ်..''
မလုံ့တလုံစိတ်ဖြင့် လိမ်လိုက်ရသည်မို့ လိပ်ပြာမလုံချင်..။ကန်တော့ပါဘုရား...။ တောသားအား စိတ်တိုနေရသည်မို့ ဘုရားစာဆိုသ်ာမှာ ဂျိုနဲ့လားဟု မေးရမယောင်။
''ဟုတ်လား..မောင်ဖြင့်မတွေ့မိသလိုပဲ''
''မင်းရှိတဲ့နေရာမှ ရွေးရွတ်ရမှာလား..ငါ့ဟာငါသီးသန့်ရွတ်တာပေါ့''
စိတ်ကမလုံသည်မို့ ရှက်ရမ်းရမ်းရင်း ပြောသည့် ခွန်းစကားတွင် ဒေါသသံစွက်နေမည်မှာ အသေအချာ..။ ဘုန်းကြီးကျောင်းသားအား လိမ်နေရသည်မှာလဲ မတတ်သာလှ..။
''ရုပ်နာမ်နဲ့ဖွဲ့စည်းထားတဲ့အရာတွေကမမြဲဘူးတဲ့..ကိုလူပျို့အပေါ်ချစ်တဲ့ ကျူပ်အချစ်ကတော့ ရုပ်မရှိတဲ့နာမ်သက်သက်သာမို့ ကျူပ်အသက်ရှူနေသရွေ့ ကိုလူပျို့ကို ချစ်နေဦးမှာပဲဗျ...''
BẠN ĐANG ĐỌC
လင်တော်မောင်ရွှေညာသား|ongoing|
Viễn tưởng''လိုက်တော်မူသင့်တယ်~~ချစ်တဲ့သက်လည်မောင်ကြီးမျက်ခြယ်~~သဘောကျအောင်ထားပါ့မယ်..မောင်ကြီး ပျိူနှမရယ်..'' [အမောင်] EDIT:ဇာတ်လမ်းပါအကြောင်းအရာများနှင့် informationsများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်...။ #cv photo crd