''Zawgyi''
.
.
.
.
.
ရန်ကုန်မြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ခွန်းနှင့်အမောင်တို့ မင်္ဂလာဆွမ်းကျွေးကာ လက်ထပ်ခဲ့ကြသည်။ ဆွမ်းကပ်နေစဉ်တစ်လျှောက်လုံးလဲ အမောင့်မှာ ခွန်းလက်အား မလွှတ်တမ်းကိုင်ထားသေးသည်မို့ ခွန်းစိတ်ညစ်ရသေးသည်။ တတ်နိုင်သမျှရုန်းထွက်သော်လဲ တောသား၏ လက်ဖဝါးညိုညိုကြီးထဲမှ ရုန်းမထွက်နိုင်ခဲ့။ခွန်းနှင့်အမောင်တို့မင်္ဂလာပွဲအား လာရောက်ကာ ချီးမြှောက်ကြသူများလဲ ရှိသကဲ့သို့ ကွယ်ရာမကောင်းပြောချင်ကြသည့် သူများလဲရှိကြသည်။ ခွန်းကတော့ ကဲ့ရဲ့သည့်စကားများ ကြားတိုင်း အမောင်တောသားကိုပင် အမုန်းပွားနေရသည်။
အမောင်ကတော့မူ မည်သူမည်မျှပြောပါစေ အပြုံးမပျက်..။ သို့သော်ချီးမွမ်းထောပနာပြုသည့်သူများရှေ့ရောက်လျှင်တော့ အမောင့်၏ အပြုံးများ ပို၍ပီပြင်တတ်သည်။ ချီးမွမ်းသံများကြား ခွန်း၏လက်အား ပို၍တင်းတင်းဆုပ်ကိုင်တတ်သော အမောင်ပါလေ...။
ဆွမ်းကျွေးပြီးစီးသည်နှင့် အနားယူရန်အိမ်သို့ပြန်လာသည့်အခါ အိမ်ထဲတွင်စီးကြိုနေသည်က ခွန်းနှင့်အမောင်၏ အဝတ်ထုပ်နှစ်ထုပ်..။
ဧည့်ခန်းထဲတွင်တော့ ခွန်းဒက်ဒီနှင့် မာမီတို့ ထိုင်နေကြသည်။''ကိုယ့်အိမ်ထောင်နဲ့ကိုယ်ဖြစ်သွားကြပြီဆိုတော့..အိမ်ခွဲနေကြတော့..မှော်ဘီဘက်မှာ အိမ်စီစဉ်ထားတယ်..ရော့..ဒီမှာသော့..''
*ချွင်!!*
စားပွဲပေါ်သို့ ပစ်တင်လိုက်သော သော့တွဲအား ကြည့်ကာ ခွန်းဘာမှမပြောနိုင်တော့။ ခွန်းဒက်ဒီလွန်လွန်းသည်ဟုသာ ထင်မိသည်။
''ခြံကလူမနေတာကြာပြီဆိုတော့..နဲနဲတော့ရှင်းရဦးမယ်..မင်းတို့နှစ်ယောက်လုံးက ယောက်ျားတွေပဲ...အတူရှင်းကြပေါ့''
''ဟုတ်ကဲ့..ဦးလေး..ကျူပ်တို့ရှင်းလိုက်ပါ့မယ်''
ချက်ချင်းပြန်ဖြေလာသော အမောင့်အသံမှာ ပျော်ရွှင်မြူးထူးစွာ။ ခွန်းနှင့်တော့ ဆန့်ကျင်ဘက်။
''အခုတော့ ကားကိုခွန်းသော်တာပဲ မောင်းသွားလိုက်တော့..နောက်ကျရင်တော့ အမောင်..မင်းမောင်း!..''
أنت تقرأ
လင်တော်မောင်ရွှေညာသား|ongoing|
خيال (فانتازيا)''လိုက်တော်မူသင့်တယ်~~ချစ်တဲ့သက်လည်မောင်ကြီးမျက်ခြယ်~~သဘောကျအောင်ထားပါ့မယ်..မောင်ကြီး ပျိူနှမရယ်..'' [အမောင်] EDIT:ဇာတ်လမ်းပါအကြောင်းအရာများနှင့် informationsများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်...။ #cv photo crd