part.20

774 53 5
                                    

''Zawgyi''
.
.
.
.
.
ကြက်များအား နေရာချထားပြီးသည်နှင့် ညစာအတွက်ပြင်ဆင်ကြသည်။ ရေခဲသေတ္တာထဲတွင်လဲ ဘာမှမရှိသည်မို့ ဈေးဝယ်စင်တာသွားကာ ဈေးဝယ်ကြသည်။

အမောင်မှ ဟင်းချက်စာအုပ်ဝယ်မည်ကြံသော်....

''မင်းကဘယ်ခေတ်မှာနေနေတာမို့ အဲ့ဒီစာအုပ်ကိုဝယ်မှာလဲ...လိုချင်တဲ့ ဟင်းကိုရိုက်ရှာလိုက်..ဖုန်းထဲမှာ တစ်ပုံတစ်ပင်ပဲ..''

''သြော်...ဟုတ်သားပဲ မောင်ဘာလို့မစဉ်းစားမိတာပါလိမ့်..ဟဲဟဲ..မောင့်ယောက်ျားက တော်လိုက်တာ..''

''ချီး!!..''

အမောင့်၏ ပြောင်ချော်ချော်မျက်နှာပေးအား ခွန်းမှ မျက်စောင်းထိုးရင်း ​ရှောင်သွားသည်။ ညနေစာအား ငါးကြော်နှပ်နှင့်အရွက်ကြော်တစ်ခွက်ချက်ရန် စီစဉ်ကြသည်မို့ ငါးကြီးကြီးအား ဝယ်သည်။ ဟင်းသီးဟင်းရွက်များကိုလဲ ဈေးခြင်းအပြည့်ဝယ်ခဲ့သော အမောင်သည် နောက်ရက်အတွက်များပါ လုံလောက်သော အသီးအရွက်များအား ဝယ်ခဲ့သေးသည်။

အိမ်ရောက်သည်နှင့် ဟင်းချက်ရမည့်တာဝန်အား ခွန်းကိုပေးသည်...။

''အချစ်ဖုန်းဖွင့်ပြီးရှာချက်လိုက်နော်..မောင်အရွက်သင်ပေးမယ်..ဖိုက်တင်း!!..''

''-ီး ဖိုက်တင်း!..ဟင်းချက်တာများ ဘာခက်လို့လဲ..''

အမောင်အားရွဲ့စောင်းပြောပြီးသည့် ခွန်းသည် ပါလာသည့်ငါးအားဆေးရန်ပြင်သည်။ ငါးမှာစင်တာကတည်းမှပင် လှီးချွတ်ပြင်ဆင်ပြီးဖြစ်သဖြင့် ရေဆေးကာ အသင့်ချက်ရုံပင်..။သို့မဟုတ်၍ အစအဆုံးလုပ်ရမည်ဆိုလျှင်လဲ ခွန်းမလုပ်နိုင်. .။

*ရှူး!...ရှဲ!..*

ဖုန်းထဲတွင်ပါသည့်အတိုင်း ဆားဆနွင်းဖြင့် နယ်ပြီးဆီပူပူအိုးထဲတွင် ထည့်ကြော်လိုက်သည်။ ဆီမှာပူပူရှိလှသည်မို့ ငါးများထည့်ကြော်လိုက်သောအခါ ဒယ်အိုးထဲမှဆီများမှာ ထပေါက်လေတော့သည်။

*ဖောက်!..ဖောက်!..ဖောက်!..*

''အ့!..ဆီတွေကပေါက်တယ်ဟ!''

ရေဆေးထားသည့်ငါးများမို့ ပေါက်ထွက်လာသောဆီများမှာ မီးရှူးမီးပန်းများကဲ့သို့ပျံ့ကျဲနေသည်။

လင်တော်မောင်ရွှေညာသား|ongoing|Donde viven las historias. Descúbrelo ahora