''Zawgyi''
.
.
.
.
.
ပွဲမှာပြီးခါနီးပြီမို့ အမောင်မှာ အိမ်ပြန်ရန်ပြင်သည်။ သို့သော်ဝန်ထမ်းများက ဆွဲထားသည့်အတွက် ခနတော့နေပေးရန် လုပ်လိုက်သည်။ အိမ်သာသွားချင်လာသည်မို့ ဝန်ထမ်းများအား ပြောကာ သန့်စင်ခန်းဘက်သို့ ထွက်လာခဲ့သည်။ ကလပ်မှသန့်စင်ခန်းမို့ နေရာမှာ အမှောင်ကျနေကာ ဝိုးတဝါးအရိပ်သာသာပုံရိပ်ပင် တွေ့နိုင်သည်။ အိမ်သာသုံးပြီးပြန်အလာတွင်လဲ လမ်းမှာအတော်မှောင်မိုက်ကာ လူလဲပြတ်သည်။ပုံမှန်အတိုင်းပင် အခန်းသို့ပြန်ရန်အသွား လမ်းမှအတော်မှောင်ရိပ်ကျနေသည့်ဘက်တွင် ရပ်နေသော ပုံရိပ်နှစ်ခုအား တွေ့လိုက်ရသည်။ ကိုယ်နှင့်မဆိုင်သည်မို့ ကျော်သွားရန် စဉ်းစားလ်ုက်သော်လဲ ထိုပုံရိပ်နှစ်ခုလုပ်နေသည့်အရာက အမောင့်ခြေလှမ်းများအား ရပ်သွားစေရန် လုံလောက်သည်။
အမောင်ရပ်နေသည့်ဘက်တွင်လဲ အတော်အမှောင်ကျနေသည်မို့ သူတို့မှာ အမောင့်အား မမြင်နိုင်ပဲ သူတို့ဘာသာအလုပ်ရှုပ်နေကြသည်။ အမောင့်အား မမြင်နိုင်ကြသော ထိုယောက်ျားလေးနှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက်မျက်နှာချင်းဆိုင်ထား၍ ပွေ့ဖက်နမ်းရှုံ့နေကြကာ အလုပ်ရှုပ်နေကြသည်။
*အွန်း...ပြွတ်စ်..ပလပ်စ်.*
နံရံအား ကျောကပ်ထားသည့်သူကို ကျန်တစ်ယောက်မှ အားရပါးရဖက်ထားကာ မနားတမ်းနမ်းနေသည်အား ကျန်တစ်ယောက်ကလဲ တုံ့ပြန်သည်။ အမောင်လဲ ထိုမြင်ကွင်းအား မမှိတ်မသုံပင်ကြည့်မိနေသည်။ ဤအတောအတွင်းအလုပ်နှင့်အိမ်သာ ဖြစ်နေသောကြောင့် ထိုကိစ္စများတွင် အမောင်မှာ သူငယ်တန်းသာ...။
အမောင့်ရှေ့မှနှစ်ယောက်သည်တော့ခရီးဆက်၍ကောင်းဆဲပင်..။ နမ်းနေရင်းနှင့် တစ်ယောက်မှာ ကျန်တစ်ယောက်၏ အင်္ကျီအတွင်းသို့ လက်လျှိုနှိုက်လိုက်သည်အား အမောင်တွေ့လိုက်သည်မို့ အမောင်မျက်လုံးပြူးသွားသည်။ သူတို့ဘာဆက်လုပ်မည်လဲ အမောင်မသိပေ..။
''အ့...ဟ့..''
နံရံအားကျောကပ်ထားသည့်တစ်ယောက်မှာ မျက်လုံးမှိတ်ရင်းညည်းညူနေသည်။ ကျန်တစ်ယောက်ကလဲ လည်ပင်းဂုတ်သားများပါမကျန်စုပ်ယူရင်းအလုပ်ရှုပ်နေကြသည်။ ထိုမှတစ်ဆင့်တဖြေးဖြေးနှင့် ဘောင်းဘီအောက်ပိုင်းတစ်နေရာကိုပါ ထိကိုင်လာသည့်အချိန်တွင်တော့ အမောင်ဆက်မကြည့်နိုင်တော့..။ယိုသူမရှက်မြင်သူရှက်ဆိုသလိုပင် ထိုအတွဲမှာ ခရီးဆက်နေကြပေမဲ့ အမောင်သည်တော့ ဆက်မကြည့်နိုင်တော့၍ အခန်းစီသို့အမြန်ပြန်ခဲ့လေသည်။
![](https://img.wattpad.com/cover/313869204-288-k226170.jpg)
YOU ARE READING
လင်တော်မောင်ရွှေညာသား|ongoing|
Fantasy''လိုက်တော်မူသင့်တယ်~~ချစ်တဲ့သက်လည်မောင်ကြီးမျက်ခြယ်~~သဘောကျအောင်ထားပါ့မယ်..မောင်ကြီး ပျိူနှမရယ်..'' [အမောင်] EDIT:ဇာတ်လမ်းပါအကြောင်းအရာများနှင့် informationsများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်...။ #cv photo crd