part.3

1K 56 2
                                    

''Zawgyi''
.
.
.
[ထနောင်းပင်တန်းရွာ]

ယိုင်နဲ့နဲ့သစ်သားပြားပေါ်တွင် ထွင်းထုထားသော ရွာနာမည်မှာ ထနောင်းပင်တန်းရွာ။ ရွာအဝင်တွင်ထနောင်းပင်များ စီတန်းနေ၍ ထ်ုကဲ့သို့န်ာမည်ပေးထားခြင်းဖြစ်သည်။ ရွာရောက်ပြီဖြစ်၍ ခွန်း၏ဒက်ဒီသည်တော့ ပျော်မဆုံးဖြစ်နေသည်။ ပတ်ဝန်းကျင်အား လိုက်ကြည့်ကာ ဘာမှပြောင်းလဲမသွားကြောင်း တွေးဆဆနှင့် ပြောနေသေးသည်။

ခွန်းသည်သာ အောက်ဘက်စီမှ အောင့်မျက်မှုများကြောင့် ပတ်ဝန်းကျင်အား ဂရုမစိုက်နိုင်သေး။ ထိုအချိန်ရှေ့တွင် လှည်းမောင်းနေပါသော မောင်ကြီးသည် လှည့်ကြည့်လာကာ..

''ကိုလူပျိုလေး...နာလို့လားဗျ''

''ဒီလောက်ဂလုန်ဆန်နေတဲ့ဟာကြီးကို စီးရမှတော့ မနာပဲနေမလား...လခွမ်း..ချီးပဲ...နာချက်''

''အဆဲကလဲ ကြမ်းလိုက်တာဗျာ''

''ကြမ်းကြမ်းပဲ...''

ရွာထဲသို့ ခနမျှဆက်မောင်းပြီးသည့်နောက် ထုံးဖြူသင်္ကန်းနှင့် စေတီလှကျောင်းသို့ ရောက်သွားသည်။ ရွာဦးစေတီဆိုလဲ မမှားပေ။

ပလ္လင်ပေါ်မှ ကျောင်းထိုင်ဘုန်းဘုန်းအား ရှိခိုးဦးချပြီးသည့်နောက် ခွန်းဒက်ဒီအား သာကြောင်းမာကြောင်းမေးကာစကားစမြည်ပြောနေကြသည်။

''မြို့မှာ အလုပ်အကိုင်တွေရော အဆင်ပြေရဲ့လား ဒကာကြီး''

''တင်ပါ့ဘုရား..ဘုန်းဘုန်းပို့သတဲ့ မေတ္တာဓာတ်တွေကြောင့် အရာအားလုံး အဆင်ပြေနေပါတယ်ဘုရား''

''အင်းး..ဘုန်းဘုန်းမှာလဲ တစ်ခုခုဆို ဒကာကြီးပဲ အားကိုးစရာရှိတာ..ပြည့်ပြည့်စုံစုံရှိပြီးကြိုးစားမှုရှိတာလဲ ဒကာကြီးပဲ ရှိတာမို့လား''

''တင်ပါ့ဘုရား''

ခွန်းသည်တော့ အပူထဲမှ လာသည်ဖြစ်၍ ချပေးထားသော အကြမ်းရည်အား မသောက်နိုင်ပေ။ ထို့ကြောင့်ဘေးတွင်ချထားသော ရွှေဝါရောင်ဝင်းမှည့်နေသော ငှက်ပျောဖီးထဲမှ တစ်လုံးအား ဖြုတ်ကာ စားလိုက်သည်။ အအေးစာလဲ ဒါပဲရှိသည်ကိုး။

မြို့ကြီးသားပီပီဟိုတယ်စာများကိုသာ စားသောခွန်းသည် အညာထွက်ငှက်ပျောသီးကိုလဲ ကြိုက်ပါသေးသည်။ ဤသည်မှာ ခွန်းဒက်ဒီတောသားကြီး၏ သွေးအပြည့်ပါ၍ပင်။ တောကြိုက်ငှက်ပျောသီးကိုမှ နှစ်နှစ်ကာကာကြိုက်နေပါသော မိမိကိုယ်ကို
လဲ မကျေနပ်ပေ။ သို့သော်ပါးစပ်ထဲမှ ငှက်ပျောသီးကတော့ အရမ်းစားကောင်းသည်။

လင်တော်မောင်ရွှေညာသား|ongoing|Où les histoires vivent. Découvrez maintenant