''Zawgyi''
.
.
.
.
.
ထိုနေ့ညနေတွင် သူကြီးသည် ခွန်းတို့အား ထိပ်တုံးပြန်ဖြေပေးချင်ပါသော်လဲ ခွန်းဒက်ဒီသည် သူကြီးအား တားကာ တစ်ညလုံးအပြစ်ခံစေသည်။ ခွန်းကဲ့သို့သူဌေးသားလူ့ဘော်ကြော့ကလေးမှာ ထိပ်တုံးအခတ်ခံရင်း ငိုက်ပြီးရင်းငိုက်နေရသည်။ ညသည်လဲ မှောင်သည်ထက်မှောင်လာကာ ညဥ့်နက်လှပြီ။ ဘေးနားမှ ခြင်များကလဲ တဝီဝီနှင့်..။*ဖျန်း!..ဖျန်း!..ဖျန်း!..*
ခွန်းဘေးမှ ခြင်ရိုက်နေသော အမောင်သည် တဖြေးဖြေးခွန်းဘက် ယိမ်းလာကာ မျက်နှာရှေ့နှင့် နားနံဘေးကိုပင် တဖျန်းဖျန်းရိုက်နေသည်မို့ ခွန်းအသာရှောင်နေရသည်။
*ဖျန်း!..ဖျန်း!..ဖျန်း!..*
ဒါကိုပင်မတော်နိုင်သေးဘဲ ခွန်းရှောင်ရာနောက်လိုက်ယိမ်းကာ အားကြီးနှင့် တဖျန်းဖျန်းရိုက်ချနေသော အမောင်အား ခွန်းစိတ်မရှည်တော့။
''fu*k! -ီးမို့ အဲ့လောက်ထိရိုက်နေတာလား..ငါ့ရိုက်မိလ်ု့ကတော့ မင်းမလွယ်ဘူးမှတ်''
''ဟောဗျာ..ကိုလူပျိုခြင်ကိုက်မှာစိုးလို့လဲ ကျူပ်ကရိုက်ပေးရသေးတယ်..မတရားဘူး ကိုလူပျိုကျူပ်ကိုဆဲတယ်..''
ပြန်ပြောလာသောအမောင်မှာ ခွန်း၏ အဆဲကြောင့်ထင် အနည်းငယ်စိတ်ဆိုးနေဟန်ရှိသည်။ သို့သော်ခွန်းကမူ ဂရုမစိုက်။
''ငါ့လာထိလို့ကတော့ ဆဲမှာပဲ..လုပ်မှာပဲ''
''မထိပါဘူးကိုလူပျိုရယ်..ကျူပ်အာမခံပါတယ်..အဲ့ဒါကိုမှ ကကိုလူပျိုက ကျူပ်ကိုလုပ်ချင်သပဆိုလဲ လုပ်ပေါ့ဗျာ''
''မလုပ်ပါဘူး..မင်းကိုမထိချင်ဘူး''
''သြော..အဲ့ဆိုဟိုကောင့်ကိုတော့ ထိချင်တယ်ပေါ့!..''
''မင်းစကားကိုကပ်ပြီးမပြောနဲ့..''
''ပြောမှာပဲ ကပ်ပြီးလဲပြောတယ်..ဒီလိုတိုးဝှေ့ပြီးတော့လဲ ပြောမယ်..ဘာဖြစ်လဲ''
''ဟာ..ဟိတ်ကောင် မလုပ်နဲ့..လို့''
ပြောရင်းဆိုရင်းပင် အမောင်မှာ ခွန်းအနားသို့ အတင်းတိုးသွားကာ ရုန်းကန်နေပါသော ခွန်းအား ထွေးပင်ထွေးပိုက်ထားသေးသည်။ ခွန်းရုန်းလေ ပိုတိုးဖက်လေဖြစ်ရာ ခွန်းရုန်းမထွက်နိုင်ဖြစ်နေရှာသည်။
ВЫ ЧИТАЕТЕ
လင်တော်မောင်ရွှေညာသား|ongoing|
Фэнтези''လိုက်တော်မူသင့်တယ်~~ချစ်တဲ့သက်လည်မောင်ကြီးမျက်ခြယ်~~သဘောကျအောင်ထားပါ့မယ်..မောင်ကြီး ပျိူနှမရယ်..'' [အမောင်] EDIT:ဇာတ်လမ်းပါအကြောင်းအရာများနှင့် informationsများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်...။ #cv photo crd