''Zawgyi''
.
.
.
.
.
''ဘူးသီးကြော်တစ်ပွဲ...ဘူးသီးမပါစေနဲ့..ကြီးဒေါ်ရေ!...''ဆိုင်ရှင်ဒေါ်ကြီး..''...''
ဆိုင်ထဲမှရွာသားများ..''...''
ဆိုင်ထဲဝင်ဝင်ချင်းပင် အမောင်၏ စကားကြောင့် ဆိုင်ရှိလူကုန် ခေတ္တနားမလည်နိုင်ဖြစ်သွားကြသည်။
''အဲ..ကြောင်ကြည့်မနေနဲ့လေ ကြီးဒေါ်ရယ်..ဘူးသီးကြော်တစ်ပွဲပါဆယ်ပါဆို..ဟို..ဘူးသီးတော့မထည့်ဘူးလေ..နော်''
''...''
ဆိုင်ရှင်မှာ အမောင်၏ မျက်နှာညိုညိုကိုပင် ကြောင်အစွာ ငေးနေလျှက်....
''သြော်..သိပြီ သိပြီ..ဘာလဲ ကြီးဒေါ်က ကျူပ်အကြွေးယူမှာစိုးလို့လား..မပူပါနဲ့ဗျာ..ကျူပ်ကပ္ပိယကြီးထဲကနေ မရမကတောင်းလာခဲ့ပါတယ်ဗျ..မြန်မြန်သာကြော်ပေး..''
''...''
''ရော..ခက်ပြီ..ကြီးဒေါ်မြန်မြန်လုပ်လေဗျာ..ဟိုမှာ ကျူပ်ကိုလူပျိုလေး ဆာနေတော့မယ်ဗျာ့...''
ဆီအိုးပူပူထဲသို့ ဘူးသီးစိတ်အား မုန့်အနှစ်များဖြင့် နယ်ကာ ထည့်နေသော ဆိုင်ရှင်အဒေါ်ကြီးလဲ ဘာပြောရမှန်းပင်မသိ..။
''ကျူပ်ပြောတာ ကြားရောကြားရဲ့လား ကြီးဒေါ်..''
''နင်ငါ့ကိုဘာတွေလာပြောနေသလဲ..အမောင်''
''ဘူးသီးကြော်ကို ဘူးသီးမပါပဲကြော်ပေးဖို့ပြောနေတာလေ..ကြီးဒေါ်ရယ်''
''ဘူးသီးကြော်ကို ဘူးသီးမပါပဲ ငါဘယ်လိုကြော်ရမလဲ..အမောင်''
''မုန့်အနှစ်ချည်းပဲ ကြော်လေ..ကြီးဒေါ်ရယ်!''
တစ်ယောက်တစ်ခွန်းပြောရင်း စိတ်ရှည်လှပါသည်ဆိုသော အမောင်ပင် ဆိုင်ရှင်အဒေါ်ကြီးအား စိတ်မရှည်တော့ပေ။
တစ်ကယ့်ကိုပင်..။ မြို့ကြီးသားလေး စားစေချသ်၍မှ လာဝယ်ပါသည်ဆို..ဆိုင်ရှင်ကြီးဒေါ်နှင့်တော့ ခက်ပြီ..။
''အံ့ပါ့ဟယ်..တော့်မြို့ကြီးသားကို ကျွေးချင်တာများ ကိုယ့်ဟာကိုယ်ကြော်ကျွေးလိုက်ပေါ့..ကျူပ်လာပြီးတော့တော့ အလုပ်မပေးစမ်းနဲ့''
''ဟာ. အဲ့ဒါကြီးဒေါ်အလုပ်ပဲလေဗျာ..''
''မသိဘူး..သွား..သွား..ဒီမှာ မီးဖိုကပူရတဲ့အထဲ ခေါင်းခြောက်အောင်လာမလုပ်နဲ့..မရောင်းနိုင်ဘူး..သွား''
BẠN ĐANG ĐỌC
လင်တော်မောင်ရွှေညာသား|ongoing|
Viễn tưởng''လိုက်တော်မူသင့်တယ်~~ချစ်တဲ့သက်လည်မောင်ကြီးမျက်ခြယ်~~သဘောကျအောင်ထားပါ့မယ်..မောင်ကြီး ပျိူနှမရယ်..'' [အမောင်] EDIT:ဇာတ်လမ်းပါအကြောင်းအရာများနှင့် informationsများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်...။ #cv photo crd