part.11

683 39 0
                                    

''Zawgyi
.
.
.
.
.
နောက်နေ့ရက်များတွင် ခွန်းအတွက်ပုံမှန်အတိုင်းပင်။ သူဌေးသားမြို့ကြီးသား၏ ဘဝအရသာအား အပြည့်အဝပင်ဇိမ်ခံလျှက်ရှိသည်။

တစ်ရက်တွင်တော့...

''ခွန်းသော်တာ...ဒီကိုလာခဲ့ဦး''

အပြင်မှပြန်လာစဉ် ဧည့်ခန်းထဲမှ ခွန်းဒက်ဒီသည် ဖုန်းကိုင်လျက်သားနှင့် ခေါ်လာသည်မို့ ခွန်းလဲထိုအနားသွားလိုက်သည်။

''ရော့..ဖုန်းပြောလိုက်ဦး''

''ဘယ်သူလဲ ဒက်ဒီ''

''အမောင်..''

''အမောင်??..''

တောတွင်နေသည့် တောသားသည် တကူးတကဖုန်းဆက်သည်ဆိုတော့ ခွန်းပင်အံ့သြရသည်။ မည်သည့်ကိစ္စရှိ၍ဆက်ရသည်လဲ ခွန်းမသိ။ ထိုတောအရပ်တွင်လဲ တယ်လီဖုန်းဟူ၍ ကြိုးဖုန်းပင်မရှိပါပဲ မည်သည့်ဖုန်းနှင့် ခေါ်သည်လဲမသိ။

''သူကဘာလို့ခေါ်တာလဲ''

''ဘယ်သိမလဲကွ..မင်းနဲ့ပြောချင်လို့တဲ့..ရော့..မြန်မြန်ယူ''

ခွန်းဒက်ဒီလက်ထဲမှ ကြိုးဖုန်းအား လက်လွှဲယူလိုက်သည်။

''ဟယ်လို..''

''ဟယ်လို!!...ကိုလူပျိုလား!!..''

ခွန်းဖုန်းအား နားနှင့်အဝေးဆုံးတွင်ထားလိုက်ရသည်။ တောသားမှာဖုန်းတစ်ခါမှမပြောဖူးဘူးထင်.. ။ အသံမှာ နားကွဲလောက်သည်။
.
.
.
တစ်ဖက်တွင်လဲ အမောင်မှာ နီးရာမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေရာ ဆိုင်မှကြိုးဖုန်းနှင့် ပြောနေခြင်းဖြစ်သည်။ ဖုန်းအား နားနားတွင်ကပ်ကာ ဖုန်းထဲမှ ကိုလူပျိုလေး မိမိအသံအား ကြားနိုင်စေရန် အစွမ်းကုန်ချဲ့ကားပြီး ပြောနေရခြင်းဖြစ်သည်။

''ဟယ်လို..ဟယ်လို..ကိုလူပျို ကျူပ်အသံကြားရလားဗျ!!..ဟယ်လို!!..''

''...''

မည်မျှပင်ခေါ်နေပါစေ တစ်ဖက်မှ ကိုလူပျိုလေး၏ အသံအား မကြားရပေ။ ဖုန်းအားကြည့်လိုက်သော်လဲ မီးအစိမ်းရောင်လေးလင်းနေကာ ကိုင်ထားဆဲဖြစ်သည်။

''ဟယ်လို..''

ထိုအချိန်တစ်ဖက်မှ ခွန်း၏အသံထွက်လာသဖြင့် အမောင်တစ်ယောက်ငါးရံ့ပြာလူးဖြဟ်သွားသည်။ ဖုန်းအား ကိုင်ထားကာ အနီးမှ ဆိုင်ရှင်အား လက်တို့၍....

လင်တော်မောင်ရွှေညာသား|ongoing|Nơi câu chuyện tồn tại. Hãy khám phá bây giờ