part.14

594 46 0
                                    

''Zawgyi''
.
.
.
.
.
''ငါစားချင်တာကို မင်းကချက်တတ်လို့လား''

''အကောင်းကြီးတော့မဟုတ်ပေမဲ့..အတတ်နိုင်ဆုံးကောင်းအောင်တော့ ချက်ပေးနိုင်ပါတယ်''

''ငါကမနက်စာဆို ဟိုတယ်စာကောင်းကောင်းတွေပဲ စားတတ်တာ''

''ဟာ!..အဲ့ဒီဘာတွေမှန်းမသိတဲ့ဟာတွေကို ပန်းကန်ပြားကြီးပေါ် ပုံချင်သလိုစုပုံထားတဲ့ဟာတွေကို မစားချင်စမ်းပါနဲ့..ကိုလူပျိုရယ်''

''ငါစားတဲ့ဟိုတယ်စာက ကြယ်ခြောက်ပွင့်ဟိုတယ်ကကွ!..''

''ကြယ်ခြောက်ပွင့်မကလို့ လကြီးပါခေါင်းပေါ်တင်ထားထား အစားအစာကအစားအစာပါပဲဗျာ..ဗိုက်ထဲရောက်ရင် ဟိုဟာဖြစ်မှာပဲ''

''မင်း ရွံစရာတွေမပြောနဲ့!!..''

ခွန်း ကားသော့အား ကောက်ကိုင်လိုက်ကာ စားပွဲမှ အမြန်ထထွက်လာလိုက်သည်။ မဟုတ်လျှင်စိတ်တိုလွန်းကာ အသက်တိုရကိန်းရှိသည်မို့...။

''ဟာ ကိုလူပျို နေဦးလေဗျာ..ကျူပ်ပြောတာ နားထောင်ပါဦး''

အမောင်မှာ ခွန်းသွားရာနောက်လိုက်ကာ အိမ်ပေါက်ထိပင် လိုက်ခေါ်လေသည်။ သို့သော်ခွန်းမှာမူ လှည့်မကြည့်...။ ခွန်းကားပေါ်သို့ တက်ပြီးသည်ထိပင် အမောင့်မှာ ကားထဲသို့ ပြူးပြဲကြည့်ကာ လိုက်ခေါ်နေဆဲပင်..။

''ကိုလူပျို ကျူပ်အဆင်ပြေအောင် ချက်ပေးပါ့မယ်ဗျာ့..ကျူပ်အတည်ပြော...''

*ဝူး!!..*

ခွန်းမှာမူ လှည့်မကြည့်တမ်း ကားအားမောင်းထွက်သွားချေပြီ..။ အမောင်မှာသာ ထွက်သွားသောကားအား ကြည့်၍ ရင်ထဲတစ်မျိုးပင်..။ အမောင်တွေးနေမိသည်မှာ ကိုလူပျိုအား ချစ်ရကြိုက်ရသည်မှာလဲ မလွယ်ပါလား..ဟုပင်။

(AN/သနားလိုက်တာ🤧)
.
.
.
ခနအကြာတွင် အမောင့်ဆီသို့ ခွန်းဒက်ဒီရောက်လာကာ ဟိုတယ်သို့ သွားပြီးလုပ်ငန်းပိုင်းဆိုင်ရာများ သင်ယူလေ့လာရန် လာခေါ်သည်မို့ အမောင်အမြန်ပြင်ဆင်ရသေးသည်။

''ဟိုကောင်ရော ဘယ်သွားလဲ''

ခွန်းအား မေးလိုက်သည်မှန်း သိသည်မို့ အမောင်ချက်ချင်းဖြေလိုက်သည်။ ရင်ထဲတွင်တော့ ဆစ်ခနဲပင်..။

လင်တော်မောင်ရွှေညာသား|ongoing|Where stories live. Discover now