part.12

614 47 0
                                    

''Zawgyi''
.
.
.
.
.
*ချွင်!!*

''ဒက်ဒီ ဘာပြောလိုက်တာ''

ခွန်းကြားလိုက်ရသည့် စကားအား နားကြားလွဲသလားဟု ထင်ရသဖြင့် ထပ်မေးလိုက်သည်။မဟုတ်...နားကြားမှားခြင်းဖြစ်စေရန်ပင် ဆုတောင်းနေမိသည်။

ထိုအတွေးများအား ခွန်းဒက်ဒီသည် နှစ်တစ်လက်မသံချောင်းနှင့် ရိုက်ချိုးလိုက်သည်။

''မင်းကြားတာမမှားဘူး..ခွန်းသော်တာ..မင်းကို အမောင်နဲ့လက်ထပ်ပေးဖို့အတွက် ငါအမောင့်ကို မြို့ကိုခေါ်လိုက်တာပဲ''

''...''

''ဒက်ဒီစိတ်တော့မှန်ပါသေးတယ်နော်''

''ငါလုပ်သမျှကမင်းအတွက်ပဲ..ခွန်းသော်တာ..မင်းဘဝကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းဖို့အတွက် ငါ့ရဲ့ဆုံးဖြတ်ချက်ပဲ''

ဆုံးဖြတ်ချက်??...ဟုတ်စ...

''ဒါပေမဲ့ဒါကသားဘဝရဲ့ ဆုံးဖြတ်ချက်လေ..ဒက်ဒီလုပ်ချင်တိုင်းလုပ်လို့မဘူး''

''ရတယ် ခွန်းသော်တာ..မင်းရဲ့ဘဝကို ငါကိုယ်တိုင်​ပြောင်းလဲလို့ရတယ်..ငါ့ရဲ့ဆုံးဖြတ်ချက်ပဲ မင်းငြင်းပိုင်ခွင့်မရှိဘူး''

ထိုဆုံးဖြတ်ချက်အား ခွန်းလက်မခံနိုင်။ ကိုယ့်ဘဝရှေ့ရေးမို့ ကိုယ်တိုင်သာဆုံးဖြတ်ချင်သည်။ ကြားလူဝင်စွက်ဖက်ခွင့်မပေးချင်။ အထူးသဖြင့် အမောင့်လို ဘာမှမရှိသည့် တောသားဆိုလျှင်ပိုဆိုးသည်။

ခွန်းအထွန့်တက်သည်...။

''သားကတော့လက်မခံနိုင်ဘူး..ဒက်ဒီ''

''ငါ့စကားကို မတွန်းလှန်ချင်နဲ့..ခွန်းသော်တာ..မင်းအတွက်နောင်ရေးမကောင်းပဲ ဖြစ်သွားမယ်!!..''

''ဟက်..ဘာနောင်ရေးလဲ?..ယောက်ျားချင်းပေးစားတာ နောင်ရေးအတွက်မဟုတ်ပဲ အနာဂတ်ကိုဖျက်စီးတာပဲ ဒက်ဒီ..ဒက်ဒီက သားဘဝကို ဖျက်ဆီးနေတာ!''

''မင်း!!..''

ခွန်းဒက်ဒီ၏ လက်သီးပြင်းပြင်းသည် ခွန်းမျက်နှာနုနုပေါ် ရောက်တော့မည့်အချိန် ထိုင်နေသော အမောင်မှာ ရုတ်တရက်ထက ကြားမှခံလိုက်သည်မို့ အခြားဖက်သို့ပင် ယိုင်သွားရသည်။

လင်တော်မောင်ရွှေညာသား|ongoing|Onde histórias criam vida. Descubra agora