''Zawgyi''
.
.
.
.
.
နောက်တစ်နေ့တွင် အမောင်မှာ အလုပ်အား ပစ်ထားသည်ကလဲဖြစ် ကျောင်း၌လဲ စာမေးပွဲရှိသည်မို့ ပျာယာခတ်တော့သည်။''အချစ်မောင်ဒီရက်ပိုင်းစာမေးပွဲရှိလို့ အလုပ်ရှုပ်ဦးမယ်..အလုပ်ကလဲ ပစ်ထားသလိုဖြစ်နေတော့ မအားလောက်ဘူး''
''မြန်မြန်သာကြွ''
ခွန်းအားပြောပြီး အလုပ်သို့သွားရန်ပြင်သည်။ သို့သော်အိမ်တံခါးနားအရောက်တွင် အမောင်သည်တစ်စုံတစ်ခုအား သတိရသွားဟန်လှည့်ကြည့်လာသည်။
''ဒီနေ့မောင်အိမ်ပြန်လာလို့ခေါ်ရင်လေ အချစ်ကမောင့်ကိုကြိုးကြာသံကရဝိတ်သံလေးနဲ့ ပြန်ထူးပါလား''
''ဘာတွေလာပြောနေတာလဲ''.
''မောင်ကဒီရက်ပိုင်းပင်ပန်းနေတော့ အိမ်ပြန်တဲ့အချိန် အချစ်က မောင့်ကိုကြိုးကြာသံကရဝိတ်သံလေးနဲ့ ပြန်ထူးရင်ကောင်းမှာပဲလို့''
''-ိ့တောင်မပြောဘူး''
''ဟင်းဟင်း...''
အမောင်အကြံညဏ်ထုတ်နေသည်။ ပြီးနောက်လက်ငါးချောင်းထောင်ပြကာ......
''ငါးသိန်း..''
''...''
''အချစ်မောင့်ကိုကြိုးကြာသံကရဝိတ်သံလေးနဲ့ပြန်ထူးရင်ငါးသိန်းပေးမယ်''
''ငါးသိန်း..''
''စိတ်ကူးမလွဲနဲ့နော် အချစ်..ဒီအခွင့်အရေးကရှားတယ်..လူတိုင်းရနိုင်တာမဟုတ်ဘူး..''
ခွန်းစဉ်းစားသည်။ လောလောဆယ်ကဒ်ထဲတွင်သောင်းဂဏန်းလောက်သာ ရှိသည်မို့ ငါးသိန်းပမာဏမှာ အတော်အသင့်များပေသည်။
''ကောင်းပြီလေ...ကြိုးစားကြည့်တာပေါ့''
''တကယ်လား..အဲ့ဆိုညနေမောင်ပြန်လာတဲ့အချိန် ကြိုးကြာသံကရဝိတ်သံလို သာသာယာယာလေးထူးနော်''
''အင်းပါ..မြန်မြန်သာသွား''
''အိုခေ..အိုခေ အချစ်..မောင်သွားပြီ''
အမောင်ထွက်သွားပြီး ခွန်းလဲ အိမ်လုပ်ငန်းများ လုပ်ရမည်ပျင်းသဖြင့် ဧည့်ခန်းထဲတွင် ဖုန်းသာထိုင်ကြည့်နေမိသည်..။ ဖုန်းထဲတွင်တစ်စုံတစ်ခုကိုလဲ ရိုက်ရှာနေသည်။
VOUS LISEZ
လင်တော်မောင်ရွှေညာသား|ongoing|
Fantasy''လိုက်တော်မူသင့်တယ်~~ချစ်တဲ့သက်လည်မောင်ကြီးမျက်ခြယ်~~သဘောကျအောင်ထားပါ့မယ်..မောင်ကြီး ပျိူနှမရယ်..'' [အမောင်] EDIT:ဇာတ်လမ်းပါအကြောင်းအရာများနှင့် informationsများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်...။ #cv photo crd