''Zawgyi''
.
.
.
.
.
အချိန်လဲမနည်းတော့သည်မို့ အမောင်တစ်ယောက် အိမ်ပြန်ရန် ဖင်တကြွကြွဖြစ်နေစဉ် ခွန်းဒက်ဒီသည် အမောင်အား ကြည့်ကာ သက်ပြင်းချသည်...။''ကိုလူပျိုက ကျူပ်ကိုလဲ လာမခေါ်သေးဘူး''
''မျှော်မနေနဲ့.. ဟိုကလာခေါ်ဖို့နေနေသာသာ မင်းကိုခေါင်းထဲမှာတောင်ရှိမှာမဟုတ်ဘူး''
''သြော်...ဟုတ်ပါတယ်လေ''
''ဒီစာရင်းတွေကိုသာ ပြီးအောင်ကြည့်..driverကိုပြန်လိုက်ပို့ခိုင်းပေးမယ်..မနက်ဖြန်ကစ ကားမောင်းသင်တော့''
''ဟုတ်ကဲ့ပါ ဦးလေး''
ကားမမောင်းတတ်သည်မို့ ကိုလူပျိုလေးများ လာခေါ်လေမလားဟု တွေးနေမိသော အမောင်၏ အတွေးများသည် ခွန်းဒက်ဒီကြောင့် လေထဲတွင် ကြက်ပျောက်ငှက်ပျောက်..။
စာရင်းများအား ပြီးစီးစွာ ကြည့်ပြီးသည်နှင့် အမောင်အထုပ်ပိုက်ကာ အိမ်ပြန်ဖို့ ပြင်ရသည်။ ကိုလူပျိုလွမ်းသည်ဖြစ်စေ မလွမ်းသည်ဖြစ်စေ အမောင်ကတော့ ကိုလူပျို့အား လွမ်းလှပြီ..။ အထုပ်အား ပွေ့ပိုက်ထားသော အမောင့်အားမြင်လျှင် ခွန်းဒက်ဒီသည် ခေါင်းခါသည်..။ driverအား အမြန်ခေါ်ကာ အမောင်အား အိမ်ပြန်ပို့ရန် စီစဉ်ပေးလိုက်သည်မို့ အမောင်ခွန်းရှိရာအိမ်အား အမြန်ဆုံးနှုန်းနှင့်ပင်ရောက်လာသည်...။
.
.
.
အိမ်ထဲတွင် ခွန်းမှာ ဂိမ်းထိုင်ဆော့နေခြင်းဖြစ်ရာ ခွန်းတစ်ယောက်တည်းလဲ မဟုတ်ပေ။ ခွန်းသူငယ်ချင်းဖြစ်သူများနှင့်ပါ တွဲဆော့နေခြင်းဖြစ်သည်...။''ကိုလူပျို ကျူပ်ပြန်လာပြီနော်!!''
ခွန်းမှာ မော့ကြည့်မလာ..။မော့ကြည့်လာသည်မှာ ခွန်းသူငယ်ချင်းလေးယောက်ပင်ဖြစ်သည်။ လေးယောက်စလုံး ခေါင်းထောင်ကြည့်လာကာ အမောင့်အား အထူးအဆန်းသဖွယ်ပင်ငေးနေကြသေးသည်။
''ခွန်း..မင်းအလုပ်သမားအသစ်ခေါ်ထားတာလား''
''လုံခြုံရေးလား...ပုံစံကတော့ မိုက်တယ်ကွ''
''အိမ်တိုင်ရာရောက် လာခေါ်တာလား''
တစ်ယေညက်တစ်ပေါက်ပြောနေကြသညွတိုင် ခွန်းသည်မော့ကြည့်မလာ..။ရှိသည်ဟုပင်မထင်။ ခွန်းလှည့်ကြည့်မလာသည်မို့ အမောင်မှ အပြေးအလွှားဖြေရသည်။

BẠN ĐANG ĐỌC
လင်တော်မောင်ရွှေညာသား|ongoing|
Viễn tưởng''လိုက်တော်မူသင့်တယ်~~ချစ်တဲ့သက်လည်မောင်ကြီးမျက်ခြယ်~~သဘောကျအောင်ထားပါ့မယ်..မောင်ကြီး ပျိူနှမရယ်..'' [အမောင်] EDIT:ဇာတ်လမ်းပါအကြောင်းအရာများနှင့် informationsများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်...။ #cv photo crd