Part 4(U+Z)

6.2K 596 22
                                    

~Unicode~

"ဒီပုစ္ဆာဘယ်သူတွက်နိုင်လဲ!!!"

သင်္ချာဆရာမရဲ့စကားအဆုံးမှာအားလုံးဟာတိတ်ဆိတ်ငြိမ်သက်လို့သာ...

"ဘယ်သူမှမတွက်နိုင်ကြဘူးလားး"

ဆရာမရဲ့နောက်တစ်ဖန်အမေးမှာတော့ရှောင်းကျန့်ဟာမတ်တပ်လေးထရပ်လိုက်သည်။ကျောင်းဝတ်စုံခပ်နွမ်းနွမ်းလေးနဲ့အုန်းဆီမလိမ်းလို့ဖွာလန်ကျဲနေတဲ့ဆံသားထိုးထိုးထောင်ထောင်မို့သင်္ချာဆရာမက နှာခေါင်းရှုံ့သည်။

ဆရာမက မသတီသလိုနှာခေါင်းရှုံ့တာကို ခေါင်းငုံ့နေတဲ့ရှောင်းကျန့်က မမြင်ခဲ့ပေမယ့် ရိပေါ်ကမြင်ဖြစ်အောင်မြင်လိုက်ပါသည်။

"ရှောင်းကျန့်....နင်ကဆင်းရဲတယ်ဆိုတာသိပေမယ့် နဲနဲပါးပါးလေးတော့ကောင်းတာလေးဝတ်အုံးလေ...ခုနင့်အင်္ကျီတွေကိုကြည့်စမ်း ငါ့အိမ်ကလက်သုတ်ဝတ်ကမှပိုသားနားအုံးမယ်"

ဆရာမရဲ့စကားကြောင့်အတန်းထဲမှကလေးအားလုံးဟာရယ်မောကြသည်။ပြီးတော့သူ့အားရွံရှာသလိုကြည့်လာကြသည်။

ရှောင်းကျန့်ကတော့ဘာမှပြန်မပြောနိုင်သူ့ရဲ့အင်္ကျီနွမ်းနွမ်းလေးကိုသာဆုပ်ချေလို့နေသည်။

အားကိုးရာမို့ရိပေါ်ကိုကြည့်လိုက်တော့လည်းမလှုပ်မယှက်ခပ်တည်တည်နှင့်သာထိုင်နေသည်။ဖန်းအာကလည်းသူ့ကိုမျက်နှာလွှဲထားသည်။

ဟုတ်ပါတယ်လေ...သူ့လိုဆင်းရဲသားကိုကယ်တင်ဖို့ ဘယ်သူကများဆရာမနဲ့ပြန်ခံပြောရဲပါ့မလဲ...သူကဒီတိုင်းဆင်းရဲသားရုပ်ဆိုးဆိုးကောင်လေးတစ်ယောက်ပဲလေ....

ရှောင်းကျန့်ရဲ့အတွေးတွေဟာမျက်ရည်အဖြစ်သို့ကူးပြောင်းကာစာရေးခုံပေါ်သို့တစ်ပေါက်ပေါက်ကြွေကျသည်။ဆရာမကိုယ်တိုင်ကတောင် သူ့ကိုခွဲခြားဆက်ဆံနေတာကျန်တဲ့သူတွေခွဲခြားဆက်ဆံတာမထူးဆန်းပါဘူးလေ

ရိပေါ်တစ်ယောက်စိတ်မရှည်သလိုပုံစံဖြင့်စာရေးခုံအားကန်လိုက်သည်။ကျယ်လောင်သွားတဲ့အသံကြောင့်ဆရာမအပါအဝင်အားလုံးရဲ့အကြည့်တွေက ရိပေါ်ဆီသို့ကူးပြောင်းသည်။

My Ugly Boy [Completed]Where stories live. Discover now