Part 20(U+Z)

7.4K 584 19
                                    

~Unicode~

ဖန်းအာကဝမ်အိမ်တော်ကနေဒေါသတကြီးထွက်သွားလေတော့သည်။သေချာတာကတော့ဝမ်မိသားစုနဲ့ရိမိသားစုရဲ့ဆံဆက်ရေးဟာလုံးဝကိုပြတ်တောက်သွားခဲ့ပြီဖြစ်သည်။

"ရှောင်းကျန့်...ငါအိမ်ထဲပြန်ဝင်ချင်ပြီ"

"အင်း အင်း ငါ့လက်ကိုတွဲလိုက်နော်...လာ..လာ.."

ရိပေါ်လက်ကိုကိုင်တွဲကာအိမ်တော်ထဲသို့ဝင်သွားတဲ့ရှောင်းကျန့်ကို ဝမ်ရိမေပြုံးကြည့်နေမိသည်။သူမသားဟာ သိပ်ကိုသရုပ်ဆောင်တော်တာပဲလို့လည်း ချီးကျူးလိုက်မိသည်။

ရှောင်းကျန့်တစ်ယောက်ရိပေါ်ကိုအခန်းထဲထိရောက်အောင်ပို့ပေးလိုက်ကာခုတင်ပေါ်မှာထိုင်စေခဲ့သည်။

"ငါရေချိုးချင်တယ် ရှောင်းကျန့်"

"အင်းး လာ...ငါအင်္ကျီချွတ်ပေးမယ်နော်"

ရှောင်းကျန့်ရိပေါ်ရဲ့shirtအင်္ကျီဖြူလေးကိုချွတ်ပေးလိုက်ကာ ရေချိုးရန်ပြင်ဆင်ပေးသည်။ဘောင်းဘီကိုတော့ရိပေါ်ကသူ့ဘာသာချွတ်သည်။ဒါတော့ ရှောင်းကျန့်ကိုယ်တိုင်လည်းချွတ်မပေးရဲပါ။ရိပေါ်ကမျက်စိမမြင်မရတာမို့ရှောင်းကျန့်ကသာရေချိုးပေးရသည်။

ရေချိုးခန်းထဲက bathtubeထဲကိုရေနွေးနဲ့ရေအေးလေးကိုအသင့်အတင့်စပ်လိုက်ကာ ရိပေါ်ကိုဝင်ထိုင်စေခဲ့သည်။ထို့နောက်ရိပေါ်ရဲ့ကျောပြင်လေးကိုဆပ်ပြာရည်လေးတွေနဲ့သေချာပွတ်တိုက်ပေးလိုက်သည်။

ရိပေါ်ရဲ့နောက်ကျောဘက်မှာရှိနေတဲ့ရှောင်းကျန့်က ရှေ့တည့်တည့်ကရိပေါ်ရဲ့အပြုံးတွေကိုတော့မမြင်နိုင်ခဲ့ပါ...

"ရှောင်းကျန့် မင်းက နတ်သားလေးလား"

ရိပေါ်စကားကြောင့်ရှောင်းကျန့်ရိပေါ်ရဲ့ခန္ဓာကိုယ်ကိုဆပ်ပြာတွေပွတ်တိုက်ပေးနေရာရင်းရယ်လိုက်မိသည်။

"ရိပေါ်ကတော့ပေါက်ကရတွေပြောပြီ...ငါ့လိုရုပ်ဆိုးဆိုးကောင်က နတ်သားဖြစ်နိုင်ပါ့မလား"

"ရှောင်းကျန့် တကယ်တော့မင်းကိုယ်မင်းမသိတာပါ...မင်းကရုပ်မဆိုးပါဘူးး သိပ်လှနေခဲ့တာပါ...ခုလိုငါ့မျက်လုံးတွေမမြင်ရတော့တဲ့အချိန်မှာ မင်းအလှတရားကိုပိုမြင်လာမိတယ်"

My Ugly Boy [Completed]Where stories live. Discover now