Part 11(U+Z)

6.2K 514 22
                                    

~Unicode~

ရှောင်းကျန့်တစ်ယောက်မျက်လုံးလေးကလယ်ကလယ်နှင့်ကြောင်တောင်တောင်လေးဖြစ်နေမိသည်။ခု ဝမ်ရိပေါ်က သူ့ကိုနမ်းနေတာတဲ့လား....သူရဲ့စိတ်ကိုသတိဝင်အောင်မနဲပြန်ခေါ်နေရသည်။

ခနကြာတော့ ရိပေါ်လည်းသတိဝင်လာပုံပေါ်သည်။နားရွက်ဖျားတွေရဲတက်လာကာ သူ့လည်ပင်းကိုသူပြန်ပွတ်နေတဲ့ဝမ်ရိပေါ်....

"အဟမ်းးး ရှောင်းကျန့်...sorry...
sorryနော်...ငါ...ငါ..."

စကားကိုထစ်ထစ်ငေါ့ထစ်ငေါ့နဲ့မဆက်နိုင်တော့ပဲ ဆေးရုံခန်းထဲမှာရှိတဲ့သန့်စင်ခန်းသို့သာ သုတ်ပြာသုတ်ပြာနဲ့ပြေးဝင်သွားတဲ့ဝမ်သခင်လေး ဝမ်ရိပေါ်

အပြင်မှာကျန်ခဲ့တဲ့ရှောင်းကျန့်ကလည်းသူ့နှုတ်ခမ်းသူကိုင်ကြည့်နေမိသည်။သူအိမ်မက်မက်နေတာမဟုတ်ဘူးပဲ...အရမ်းအသန့်ကြိုက်ပါတယ်ဆိုတဲ့ ရိပေါ်က သူ့ကိုနမ်းသွားတာတဲ့လား

ရှောင်းကျန့်အရူးလေးတစ်ယောက်လိုပြုံးနေမိသည်။ရှောင်းကျန့်TVဇာတ်လမ်းတွေထဲမှာကြည့်ဖူးသည်။တစ်ယောက်နဲ့တစ်ယောက်အဲ့လို့နမ်းရင်ချစ်ကြလို့တဲ့လေ...ဒါဆိုရိပေါ်ကလည်းသူ့ကို....ချစ်နေတာများလား

သန့်စင်ခန်းထဲကရိပေါ်ကတော့ မှန်ရှေ့မှာသူ့မျက်နှာသူပြန်ကြည့်နေမိသည်။

"ရိပေါ်ရာ...ရိပေါ်...မင်းဘာလို့သွားနမ်းလိုက်ရတာလဲ"

ရိပေါ်ကလည်းအရွယ်ရောက်နေသူပီပီဒီလိုတွေဘာ့ကြောင့်ဖြစ်လာရတယ်ဆိုတာကိုသိပါသည်။သို့ပေမယ့်ဒီလိုအခြေအနေတွေကို သူ့အနေနဲ့လက်မခံချင်သေးပါ...သူဟာယောက်ျားလေးတစ်ယောက်....ဒါ့ကြောင့်မို့သူချစ်တဲ့သူဟာမိန်းကလေးပဲဖြစ်သင့်တယ်မဟုတ်လား...

"ဟုတ်တယ်...ငါသဘောကျနေတာ ဖန်းအာ...ရှောင်းကျန့်မဟုတ်ဘူးးး ရှောင်းကျန့်မဟုတ်ဘူးးး"

မှန်ထဲမှမြင်နေရတဲ့ကိုယ့်မျက်နှာကိုပြန်ကြည့်ကာ ပြန်သတိပေးနေတဲ့ဝမ်ရိပေါ်

"ရှောင်းကျန့်က အရမ်းနမ်းလို့ကောင်းတာပဲ.."

သတိပေးနေရင်းမှလွတ်ထွက်လာတဲ့စကားတွေကြောင့်ရိပေါ်ဘေစင်မှကျလာတဲ့ရေတွေကိုသာလက်နဲ့ခံယူကာမျက်နှာသစ်ပစ်လိုက်သည်။

My Ugly Boy [Completed]Where stories live. Discover now