Part 10(U+Z)

6.4K 550 15
                                    

~Unicode~

ရှောင်းကျန့်တစ်ယောက်ဆေးရုံမရောက်ခင်ကားပေါ်မှာတင်သတိမေ့သွားခဲ့တာ နိုးလာတော့ဆေးရုံရောက်နေပြီ....

ဘေးမှာတော့ ရိပေါ်အပါအဝင်အားလုံးကိုတွေ့ရပေမယ့် သူ့ကိုဆေးရုံပို့ပေးတဲ့သူကိုတော့မတွေ့မိပေ။ဘေးနားမှာထိုင်ကာသူ့လက်ကလေးကိုကိုင်ထားတဲ့မားကိုမေးကြည့်လိုက်မိသည်။

"မားး သားကိုဆေးရုံလိုက်ပို့ပေးတဲ့လူရောဟင်"

"အဲ့ဒီကလေးက သားကိုဆေးရုံပို့ပြီး
ပြီးချင်းပဲပြန်ထွက်သွားတယ်လို့ ဒီကnurseလေးတွေကပြောတယ်သားရဲ့...အရေးကြီးကိစ္စတစ်ခုခုရှိတဲ့ပုံပါပဲ"

ရှောင်းကျန့်ဆေးရုံကုတင်ပေါ်မှာထိုင်နေရာကနေ လက်မလေးနဲ့လက်ညှိုးထိပ်ကလေးတွေကိုဆိတ်နေမိသည်။

"သားက သူ့ကိုကျေးဇူးတင်စကားပြောချင်တာကို..."

ခေါင်းငုံ့ကာ စိတ်မကောင်းသလိုလေးပြောလာတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်စိတ်ထဲမကျေနပ်သလိုဖြစ်သွားသည်။ရှောင်းကျန့်က အဲ့ဒီလူကိုထပ်တွေ့ချင်နေတာများလား လို့လည်းတွေးနေမိသေးသည်။

ထိုအချိန် အခန်းထဲသို့ပြေးဝင်လာကာရှောင်းကျန့်ရှေ့မှာရပ်လိုက်တဲ့ဖန်းအာ...

"ရှောင်းကျန့်...နင်ဘယ်လိုနေသေးလဲဟင်...ငါ့ကြောင့်ဖြစ်ရတာပါ...ငါကိုကူညီပေးလို့ဖြစ်ရတာပါ...ဟင့်.."

ငိုနေတဲ့ဖန်းအာကြောင့် ရှောင်းကျန့်မှာဘာလုပ်ရမှန်းမသိတော့...

"မငိုပါနဲ့ဟ...ငါဘာမှအရမ်းကြီးထိခိုက်သွားတာမှမဟုတ်တာ...နင်ကငါ့သူငယ်ချင်းပဲ...ငါနင့်ကိုကာကွယ်ပေးရမှာပေါ့ဖန်းအာ..."

"ကျေး...ကျေးဇူးပါ...ဟင့်"

ငိုပြနေတဲ့ဖန်းအာရဲ့စိတ်ထဲမှာတော့အဖြစ်မရှိတဲ့လမ်းသရဲအုပ်စုကိုမေတ္တာပို့နေလေသည်။

×× လူတစ်ယောက်ကိုလေးငါးယောက်ဝိုင်းထိုးတာတောင်မနိုင်ဘူးတဲ့လားး..စောက်သုံးမကျတဲ့ဟာတွေပဲ××

"ဟို...ငါနင့်အတွက်စာတွေကူးထားပေးမယ်နော်ရှောင်းကျန့်"

စိတ်ထားကောင်းလွန်းတဲ့ဖန်းအာကြောင့်ရှောင်းကျန့်ဂုဏ်ယူမိသည်။သူ့မှာရုပ်လေးကအရမ်းချောတဲ့အပြင်စိတ်သဘောထားလေးကလည်းအရမ်းကောင်းတဲ့သူငယ်ချင်းမလေးတစ်ယောက်ရထားတာကြောင့်ဖြစ်သည်။

My Ugly Boy [Completed]Dove le storie prendono vita. Scoprilo ora