Part 16(U+Z)

6.7K 528 12
                                    

~Unicode~

ရိပေါ်တစ်ယောက်ဖန်းအာဆီသွားလိုက်တော့သူ့သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးဖို့ခေါ်တာပါတဲ့လေ

"ဖန်းအာ...မင်း​ပြောတဲ့အရေးကြီးတဲ့ကိစ္စကဒါလား"

"ဟုတ်တယ်လေ...ဟိုကောင်ရှောင်းကျန့်ထက်စာရင် ငါ့သူငယ်ချင်းတွေကပိုအရေးကြီးတာ အသိသာကြီး"

ရိပေါ်ခုအချိန်မှာဖန်းအာဆွဲစောင့်ပစ်ချင်လာသည်။ဒါပေမယ့်ဒါဟာသူလက်ထပ်ဖို့ရည်ရွယ်ထားတဲ့သူ ဆိုတဲ့အသိနဲ့စိတ်လျော့ထားရသည်။

"ရှောင်းကျန့်ကလည်း မင်းသူငယ်ချင်းပဲလေ ဖန်းအာ...ငါတို့ငယ်ငယ်ထဲကအတူဆော့ကစားလာကြတာလေ"

"အဲ့တာနင့်ခံယူချက်ရိပေါ်....ငါ့အတွက်တော့ရှောင်းကျန့်ကိုဘယ်တုန်းကမှ သူငယ်ချင်းလို့မသတ်မှတ်ခဲ့ဘူး...ရှောင်းကျန့်ကဆင်းရဲသားရုပ်ဆိုးကောင်သက်သက်ပဲ ပြီးတော့နောက်တစ်ခုရှိသေးတယ်...ဘယ်လိုခေါ်ပါလိမ့်...အော်...အောက်တန်းစားလေ"

"ဖန်းအာ!!!!"

'ဝုန်းးးး'

ရိပေါ်ရဲ့စောင့်တွန်းခြင်းကိုခံလိုက်ရတဲ့ဖန်းအာက ခုံစောင်းတွေနဲ့တိုက်ကာ လဲကျသွားတော့သည်။အသံကကျယ်တာကြောင့်အားလုံးဟာလည်းဝိုင်းအုံကြည့်လာကြသည်။ဖန်းအာရဲ့ဒူးခေါင်းမှာလည်းထိခိုက်သွားကာ သွေးစတွေထွက်လာခဲ့လေသည်။

"ရှောင်းကျန့်ကို မင်းအနေနဲ့အပြစ်တင်ပိုင်ခွင့်မရှိဘူး ဖန်းအာ!!!ခုအချိန်ကစပြီး ငါတို့ဇာတ်လမ်းပြတ်ပြီ!!!"

ဖန်းအာသူ့ကိုလမ်းခွဲပြီးအခန်းထဲကပြေးထွက်သွားတဲ့ရိပေါ်ကြောင့် ဒေါသထွက်မိသည်။အားလုံးကလည်းဝိုင်းကြည့်နေကြတာမို့ သူ့လိုရိသခင်မလေးအနေနဲ့ သိပ်ကိုရှက်မိသည်။

ဖန်းအာလဲကျနေရာမှကုန်းထကာ သူ့ခုံပေါ်ကလွယ်အိတ်ကလေးကိုလွယ်လိုက်သည်။ဒီနေ့တော့သူအတန်းမတက်ချင်တော့...အဆောင်သာပြန်ရန်ဆုံးဖြတ်လိုက်သည်။

အဆောင်ကိုပြန်တဲ့လမ်းတစ်လျောက်မှာလည်းဝိုင်းကြည့်နေကြတဲ့သူတွေကြောင့်လက်သီးကိုတင်းတင်းဆုပ်ထားမိသည်။

My Ugly Boy [Completed]Onde histórias criam vida. Descubra agora