Part 9(U+Z)

5.8K 523 11
                                    

~Unicode~

ထမင်းဝိုင်းမှရိပေါ်ရဲ့ရှောင်းကျန့်အပေါ်ချီးကျူးလိုက်တဲ့စကားကိုကြားရတော့ ဖန်းအာ စားပွဲတင်အောက်က လက်သီးကိုတင်းကနဲဆုပ်ထားမိသည်။မျက်နှာကိုတော့ ဟန်လုပ်ကာပြုံးနေရသည်။

"ရိပေါ်...ဒီကြာစွယ်ဟင်းချိုလေးလည်းသောက်ပါဦးလား"

ဖန်းအာတစ်ယောက် ဆံပင်လေးကိုသပ်ကာ ချွဲနွဲ့သံလေးဖြင့် ရိပေါ်ကို ရှေ့မှကြာစွယ်ဟင်းချိုလေးကို ခပ်တိုက်သည်။

"ရိပေါ်...သောက်လေလို့...ဒီမှာကိုင်ထားရတာလက်ညောင်းနေပြီ"

ရိပေါ်လည်းဖန်းအာစကားအဆုံးခပ်မြန်မြန်သောက်လိုက်ရသည်။ပါးနဲ့မားရှေ့မှာဆိုတာကိုဖန်းအာက ဂရုစိုက်မှုနဲနဲတောင်မရှိဘူးလားး။

"အဟမ်းးး သမီးဖန်းအာ ကိုယ့်ဘာသာလည်းစားပါဦး သမီးပန်းကန်ထဲမှာထမင်းမလျော့သေးဘူး"

ဝမ်ပါးကတော့ချောင်းတစ်ချက်ဟန့်ကာ အလိမ္မာနည်းသုံးပြီး သတိပေးသည်။ဒါကိုဖန်းအာလည်းသိသလိုရိပေါ်လည်းသိသည်။

"ဟုတ်ကဲ့ အန်ကယ်ဝမ်"

မျက်နှာတစ်ချက်ပျက်ကာ ထမင်းစားနေတဲ့ဖန်းအာကို ရိပေါ်ကြည့်မိသည်။ပါးရဲ့ထပ်မံပို့လာတဲ့အကြည့်တွေကြောင့် ရိပေါ်လည်းထမင်းစားခြင်းကိုသာအာရုံစိုက်လိုက်သည်။

ရှောင်းကျန့်ကတော့ ခပ်ကုပ်ကုပ်လေးသာထမင်းစားလို့နေသည်။ဒါကိုသိတဲ့ဝမ်မားက ဝက်သားချိုချဉ်ကြော်လေးကို သူ့ပန်းကန်ထဲခပ်ထည့်ပေးလာသည်။

"သားကျန့် စားနော်"

"ဟုတ်ကဲ့ ဝမ်မားး"

ရှောင်းကျန့်ရဲ့ယဉ်ကျေးတဲ့စကားပြောပုံလေးကိုကြည့်ကာ ဝမ်ပါးကလည်းသဘောကျပုံဖြင့် ခေါင်းတညိမ့်ညိမ့်နှင့်သာ

ဖန်းအာကတော့ဒါတွေကိုမြင်လေပိုပြီးဒေါသထွက်လာမိလေပါပဲ...သူလိုချောမောလှပတဲ့ရိသခင်မလေးကိုကျော်ကာ ဘာမဟုတ်တဲ့ရုပ်ဆိုးဆိုး ဆင်းရဲသားကောင်ကို အရေးပေးနေတဲ့ ဝမ်သခင်ကြီးနှင့် သခင်မကြီးကိုလည်းမကျေမနပ်ဖြစ်မိသည်။

My Ugly Boy [Completed]Où les histoires vivent. Découvrez maintenant